ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၅ တန် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၅ တန် ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၃

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီးတွင် ဇေယျာလင်း၊ ရှိုင်းဝဏ္ဏအောင်၊ လင်းပိုင်ဖြိုး၊ အိုက်စွမ်နှင့် စိုင်းထွန်းတို့ ၅ ဦးအား ကဖင်း ၂ ဒသမ ၅ တန် (၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂,၀၀၀)၊ NISSAN DIESEL ၁၂ ဘီးယာဉ် ၁ စီး၊ REVO ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိ ကဖင်းများအား သယ်ဆောင်ခိုင်းသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ခုတ်ဝကျေးရွာနေ ဝင်းထွန်း၏နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်လျက်ရှိပြီး နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတု ပစ္စည်းကဖင်းများ၏ ပိုင်ရှင်ဖြစ်သူ တာချီလိတ်မြို့နယ်၊ လွန်ကျိုင်းကျေးရွာနေ အိုက်မုန်း(ခ) အိုက်နန်မုန့်(ဖမ်းဆီးရန်ကျန်)သည် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ် မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)