တာမွေ၊ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော “ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ” အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှအားပေးခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ရန်ကင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ဘင်ခရာတီးဝိုင်းတီးခတ်၍ ပန်းပွားအကဖြင့် ကြိုဆို ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းများ၊ ဌာန ဆိုင်ရာအသိပညာပေးပြခန်းများ၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာပေ စကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာအုပ်အရောင်းဆိုင်များ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပရာ ရန်ကင်းမြို့နယ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/သူများက “ ပညာဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့စာပေ အလှဖြာဝေ ” သီချင်းဖြင့်လည်းကောင်း အသီးသီး ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် “လူငယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့အတွက် အမိနိုင်ငံတော်အတွက် အရေးပါတဲ့ အဖိုးတန် လူ့အရင်းအမြစ်များလည်း ဖြစ်ပါကြောင်း၊ လူငယ်တွေဟာ အမိနိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်ရမယ့်သူတွေဖြစ်တဲ့အတွက် အသိပညာဗဟုသုတ ကြွယ်ဝသူတွေဖြစ်ဖို့လိုအပ်ပါကြောင်း၊ အနာ ဂတ်ရဲ့ ခေါင်းဆောင်များဖြစ်လာမဲ့ ကျောင်းသား၊ကျောင်းသူ မောင်မယ်တွေကိုလည်း ငယ်စဉ်ကတည်းကပင် စာပေနဲ့ရင်းနှီး ကျွမ်းဝင်မှုရှိနေဖို့ ပြုစုပျိုးထောင်ပေးကြမှသာ စာဖတ်တဲ့အလေ့အထတွေ ရှိလာမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်ကို အသုံးပြုတဲ့ ဓလေ့မှစပြီး စာဖတ်ရှိန်မြင့်မားလာတာနဲ့အမျှ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ စာကြည့်တိုက်တွေ ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ စာအုပ်စာပေမှရရှိတဲ့ အသိပညာဗဟုသုတတွေက လူသားတွေအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါကြောင်း၊ စာပေတွေကနေ တန်ဖိုးကြီးမားတဲ့ လူ့ဘဝ၊ လူ့ဘောင်လောကကို ဆောင်ကြဉ်းပေးလျက်ရှိပါ ကြောင်း၊ စာဖတ်ခြင်းက တိုးတက်ကြီးပွားခြင်းရဲ့ လှေကားထစ်တွေဖြစ်တဲ့အတွက် စာဖတ်ကြပါလို့ တိုက်တွန်းထားတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ ယနေ့နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ဦးဆောင်လှုပ်ရှား နေသူများဟာ စာပေကို အလေးဂရုပြု ဖတ်ရှုလေ့လာနေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါကြောင်း၊ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်မှာ ကျောင်းသားလူငယ်မောင်မယ်များအတွက် စာပေဆိုင်ရာ အသိအမြင် အတွေ့အကြုံတွေ ရရှိ စေရေးအတွက် စာပေဟောပြောပွဲ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပေးနေသလို စာအုပ်အရောင်းဆိုင်များ၊ စာအုပ်ပြခန်းတွေလည်း ပါဝင်ပါကြောင်း၊ အလားတူပဲ ကျောင်းသားလူငယ်မောင်မယ်တွေရဲ့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မှု ပြည့်ဝစေရေး အထောက်အကူ ဖြစ်စေမယ့် အားကစားပြိုင်ပွဲတွေ၊ ဂိမ်းပြိုင်ပွဲတွေ၊ ဉာဏ်ပညာထက်မြက်စေမယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွေ၊ အနုပညာကို မြှင့်တင်ပေးတဲ့ ဖျော်ဖြေရေးတွေနဲ့ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသဖြင့် ကျောင်းသားလူငယ်မောင်မယ်တွေ အကျိုးရှိစေမယ့် အစီအစဉ်တွေ ထည့်သွင်းစီစဉ်ပေးနေတာဖြစ်လို့ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်တွေကို အသုံးပြုပြီး စာဖတ်တဲ့ဓလေ့၊ စာဖတ်တဲ့အလေ့အကျင့်တွေ ထွန်းကားလာ ခြင်းမှတစ်ဆင့် စာပေဖတ်ရှုတဲ့ အခြေခံကောင်းတွေ ရရှိပိုင်ဆိုင်တဲ့ နိုင်ငံ့သားကောင်းသမီးမွန်တွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။ ယင်းနောက် စာပေဟောပြောမည့် စာရေးဆရာ မြင်းမူမောင်နိုင်မိုးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်း ပေး အပ်ခဲ့သည်။ ဆက်လက်၍ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများက " ရွှေမြန်မာ သာယာငြိမ်းချမ်း " တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ကျောင်းမှ ကျောင်းသားလေးများက " ကကြိုးစုံညီဖေဇော်ဂျီ ရုပ်သေးကြိုးဆွဲ " အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး စာရေးဆရာ မြင်းမူ မောင်နိုင်မိုးက “ စာဖတ်ခြင်း အကျိုးကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့သည်။ ယင်းနောက် ရန်ကင်း ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက " ရိုးမရံစီ ရခိုင် " တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျင်းပပြုလုပ်သည့် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူ များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်များကလည်းကောင်း၊ ကပြဖျော်ဖြေခဲ့ကြသော ဖျော် ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်းအား သက်ဆိုင်ရာ တာဝန်ရှိသူ များကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost








No comments:
Post a Comment