စက်တင်ဘာ - ၁၂ ( သောကြာနေ့ )
တရုတ်အစိုးရက ပြဿနာပေါင်းများစွာတက်နေတဲ့ ထိုင်ဝမ်ရေလက်ကြားကို ထိန်းချုပ်မှုလုပ်ဖို့အတွက် နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောကို ထိုင်ဝမ်ရေလက်ကြားထဲကို မောင်းနှင်းပြီး တပ်ဖြန့်ချထားလိုက်ပါတယ်လို့ ဒီနေ့ပဲ တရုတ်ရေတပ်က ကြေညာလိုက်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားက တရုတ်နိုင်ငံရဲ့ အပိုင်ဖြစ်တဲ့ အတွက်ကြောင့် ၎င်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားရှိမယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ကျွန်းကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဆက်ထားပြီး ရေပိုက်နက် ပိုင်းခြားမယ်လို့လည်း ဆိုပါတယ်။
တရုတ်ရဲ့ လေယာဉ်တင်သင်္ဘောကို ထိုင်ဝမ်ရေလက်ကြားမှာ တပ်ဖြန့်လိုက်တာက အမေရိကန်အပါအဝင် ထိုင်ဝမ်ကို ထောက်ခံတဲ့ အခြားနိုင်ငံတွေကို သတိပေးချက်လုပ်တဲ့ သဘောဆိုတာကိုတော့ တရုတ်ဘက်က ငြင်းထားပါတယ်။ တရုတ်ရေတပ်ကတော့ လေယာဉ်တင်သင်္ဘော ဖူကျန်ကို ၎င်းရဲ့ တာဝန်အပြည့်အစုံ မထမ်းဆောင်ခင် ပထမဆုံး အနေနဲ့ လေ့ကျင့်ရေးနှင့် သိပ္ပံစမ်းသပ်မှုများ ပြုလုပ်ရန် တောင်တရုတ်ပင်လယ်သို့ လွှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောတင်သင်္ဘော၏ လုပ်ဆောင်ချက်များသည် အခြားမည်သူ့ကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ရေတပ်က ပြောထားပါတယ်။ တောင်တရုတ်ပင်လယ်ထဲကို ဝင်ဖို့ရာက ထိုင်ဝမ်ရေလက်ကြားထဲကို ဖြတ်ဝင်တာက ပုံမှန် နဲ့ ကျိုးကြောင်းဆီလျော်ဆုံး ဖြစ်ပါတယ်။ ဖူကျန် လေယာဉ်တင် သင်္ဘောက ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်သွားခြင်းဖြစ်ပါတယ်။ အမေရိကန်ရေတပ် နဲ့ မဟာမိတ်အချို့က ဖူကျန်ဖြတ်သန်းသွားချိန်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
REF: AP
https://t.me/MyanmarNationalPost


No comments:
Post a Comment