ရန်ကုန်၊ စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာ (၂၃)ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ လေ့ကျင့်ရေးစခန်း သတ်မှတ်နေရာ အသီးသီးတွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံ ပညာအဆင့်) ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မရမ်းမြိုင်ခန်းမတွင် အမျိုးသမီး ဆိုင်းအဖွဲ့လိုက်နှင့် အမျိုးသား ဒိုးပတ်အဖွဲ့လိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်၍ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ လေ့ကျင့်ရေးစခန်း သတ်မှတ်နေရာ အသီးသီးတွင် ဆိုင်းအဖွဲ့လိုက်၊ စန္ဒရား၊ ပတ္တလား၊ တယော၊ ဒုံမင်း၊ ဂီတာ၊ ပလွေ၊ နှဲ၊ စောင်း၊ မယ်ဒလင်နှင့် ဆိုင်း တစ်ဦးချင်းစသည်တို့ကို လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် စားသောက်ဆောင်တွင် ပြိုင်ပွဲဝင်များအတွက် ချက်ပြုတ်ပြင်ဆင် ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment