မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည် ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယနေ့ နေ့လည် ၃ နာရီ အချိန် (ဇ)ရပ်ကွက် ၊ က္ကန္ဒာ ၁ လမ်းရှိ စေတနာရှင် စာကြည့်တိုက်သို့ ကွင်းဆင်း စစ်ဆေးဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စာကြည့်တိုက် များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ခံ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ/ရသစာအုပ်များကို သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်/စာငှား/ အသင်းဝင်တိုးတက်ရရှိစေရေးဆောင်ရွက်ထားရှိမှု များကို မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စေတနာရှင် စာကြည့် တိုက်မှူး က စာကြည့်တိုက်တွင် သုတ/ရသ၊ စာအုပ်များ ၊ စာဖတ်/စာငှား အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်း တင်ပြခဲ့ရာ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ဝာာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment