ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ပေါင်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်း အဝေး ဆွေးနွေးချက်ကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊လူဦးရေစာရင်းမှန်ကန်မှုရှိစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ကော်မရှင်တို့ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ပန်းခင်းစီမံချက်ပြုလုပ်၍ မဲပေးစနစ်မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ဌာနဆိုင်ရာဝန်ထမ်းများ ကြားကာလတွေမှာ ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသွားမည်ဖြစ်ပါကြောင်း ကျန်းမာရေးဌာနအနေဖြင့် ဖွား၊သေ စာရင်းများကို စနစ်တကျ အပတ်စဉ်တိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားရန်၊ သာသနာ့ဝန်ထမ်းတွေ၊စစ်ဘေးရှောင်တွေကို စာရင်းပြုစု၍ အချိန်မီတင်ပြနိုင်ရေးဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း မှာကြားဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူး ဦးသန်းဝင်းဇော်က မြေပြင်ကော်မတီအဆင့်ဆင့် လက်မှတ်ရေးထိုးထားသည့် အတည်ပြုလူဦးရေစာရင်းအား မြေပြင်တွင်နောက်ဆုံးအကြိမ် ရပ်/ကျေး အလိုက် စီစစ်မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး အတိုး/အလျော့ စာရင်းအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ၂၀၂၅ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အပြီး စာရင်းပေးပို့ခြင်း၊ပေးပို့ရာတွင် ရပ်/ကျေး ပြီးစီးသည့်အပိုင်းအလိုက်ပေးပို့စေ‌ခြင်း၊ပေးပို့မှုမှတ်တမ်းအားခရိုင်/ပြည်နယ်ကော်မတီသို့ ပေးပို့ရန်မှာကြားဆွေးနွေးသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က မဲစာရင်းမှန်ကန်စေရေးကို အလေးထားဆောင်ရွက်ပြီး ရက်ပေါင်း(၁၈၀) ပြည့်ပြီး နေထိုင်သူများအား ပုံစံ(၃)နှင့်လျှောက်လွှာတင်ပြီး မဲပေးနိုင်ပါကြောင်း မဲစာရင်းများမှန်ကန်မှုရှိ‌စေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ဖြင့်ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)