ရန်ကုန်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ၊ ရပ်ကျေးပါတီကော်မတီဝင်များနှင့် ယမန်နေ့က တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်တိုင်းကော်မတီဝင်၊ မင်္ဂလာဒုံခရိုင်တာဝန်ခံ ဦးခင်မောင်တင့်၊ မင်္ဂလာဒုံခရိုင်ပါတီနာယက ဦးဇော်ဝင်းသန့်၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းနိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။
ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်မှ တက်ရောက်လာကြသော ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များဖြင်းစုံစုံလင်လင်တွေ့ဆုံရသောကြောင့် ဝမ်းသာရပါကြောင်း၊ ယခုလာမည့်အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်းနှင့် နောက်အချိန်ကာလများတွင်လည်း လူငယ်၊ အမျိုးသမီးအဖွဲ့များတွေ့ဆုံမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသောရပ်ကွက်အသီးသီးမှ ပါတီဥက္ကဋ္ဌများမှ မိမိတို့၏ ရပ်ကွက်အခြေအနေများ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြပြီး မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌ မှတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment