သန်လျင်မြို့နယ်၌ သုဓမ္မာနိကာယဝိနည်းစာပြန်ပွဲကျင်းပရေး ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မြို့နယ်၌ သုဓမ္မာနိကာယဝိနည်းစာပြန်ပွဲကျင်းပရေး ညှိနှိုင်းဆွေးနွေး



ရန်ကုန်  ၊ စက်တင်ဘာ ၆


ရန်ကုန်တောင်ပိုင်းခရိုင် ဝိနည်းစာပြန်ပွဲတော်ကြီးကို ခရိုင်အတွင်းရှိ မြို့နယ်များအလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် နဝမအကြိမ်မြောက်အဖြစ် သန်လျင်မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ သုဓမ္မာနိကာယ ဝိနည်းစာပြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုသံဃာ့ဦးစီးအဖွဲ့နှင့် ဗဟိုဦးစီးအဖွဲ့(လူပုဂ္ဂိုလ်)တို့ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် သန်လျင်မြို့နယ်သံဃာ့နာယကအဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သန်လျင်မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိန္ဒက ဝိနည်းစာပြန်ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး သံဃာတော်များအပိုင်းနှင့် လူပုဂ္ဂိုလ်များ အပိုင်းတို့မှ ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များအား ရှင်းလင်းမိန့်ကြားတော်မူသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က အလှူငွေရရှိရေး၊ ရပ်ဝေးသံဃာတော်များ တည်းခိုသီတင်းသုံးနိုင်ရေး၊ ဆွမ်းဆက်ကပ်ရေးနှင့် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား လျှောက်ထားတင်ပြသည်။

ထို့နောက် ဝိနည်းစာပြန်ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူးဦးမြင့်ဝင်းနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်များက လိုအပ်သည်များ ဆွေးနွေးလျှောက်ထားကြသည်။

ထို့နောက် ဆုံးဖြတ်ချက်များချမှတ်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က နိဂုံးချုပ်ဩဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)