(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




ဝါးခယ်မ ၊  စက်တင်ဘာ ၆


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၆ ရက် နံနက် ၇ နာရီခွဲက စာရေးကုန်းရပ်ကွက်၊ ရန်အောင်မြင်ကပ်ကာ စေတီတော်မြတ်ကြီး ဝင်းအတွင်း၌ ပြလုပ်ခဲ့သည်။


ယင်းသို့ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းညွန့် ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့မိသားစုဝင်များ၊ သတင်းရဲတပ်ဖွဲ့ စုစုပေါင်း ၉၁ ဦးတို့မှ စေတီတော်ဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ စေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်အားသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေမြောင်းများတူးဖော်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)