ရွေးကောက်ပွဲကို နှောက်ယှက်ဖို့ မကြံလေနဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ပွဲကို နှောက်ယှက်ဖို့ မကြံလေနဲ့


၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ စတင်ကျင်းပမယ်ဆိုတာကို တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေချိန်မှာ ပြည်ပကို ထွက်ပြေးပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေက ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ နှောက်ယှက်ဖို့ လှုံ့ဆော်သံတွေ ပလူပျံလာပါတယ်။ အဲဒီလိုလှုံ့ဆော်နေသူတွေဟာ တိုင်းပြည်ကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ဖျက်ဆီးခဲ့ပြီးပြီ။ တိုင်းပြု ပြည်ပြုလုပ်ငန်းများကို ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီး ဆောင်ရွက်နိုင်ဖို့ စနစ်တကျ လုပ်ဆောင်ပေးနေတာကိုလည်း မလိုလားကြပြန်ဘူး။ အဲဒီလူတွေက သူတို့ကိုယ် သူတို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလို့လည်း အော်ကြသေးတယ်။

ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲဆိုတာ ခွဲခြားလို့မရဘူး။ ဒီမိုကရေစီစနစ်ကိုလည်း ကျင့်သုံးချင်တယ်။ ရွေးကောက်ပွဲလည်း မကျင်းပရဘူးဆိုရင် ပြည်သူ့ဆန္ဒ၊ ပြည်သူရွေးချယ်တင်မြှောက်တဲ့အစိုးရ ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ရှေ့ နောက် မညီညွတ်တဲ့ လှုံ့ဆော်မှုတွေအပေါ်မှာ ပြည်သူများအနေနဲ့ သံယောင်မလိုက်မိကြဖို့ အထူး သတိပေးလိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပတော့မှသာ ပြည်သူများအနေနဲ့က မိမိတို့လိုလားတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ရွေးချယ်နိုင်မှာ ဖြစ်တယ်။ 

ရွေးကောက်ပွဲနဲ့ ပြည်သူများ အထူးသတိပြုရမယ့် သင်ခန်းစာကတော့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပြည်သူများက ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာကို အချစ်ပိုကြတယ်။ ဒေါ်အောင်ဆန်းကြည်အနေနဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီး မဲပေးခဲ့ကြတယ်။ ပြည်သူလူထုက ယုံကြည်မှုလွန်ကဲပြီး အလွန်အမင်း အားကိုးယုံကြည်ခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိုင်းရေးပြည်ရာကို စီမံဆောင်ရွက်နိုင်ခြင်း မရှိလို့ နိုင်ငံခြားသာ အကြံပေး (၉၂) အထိ ခေါ်ယူအသုံးပြုခဲ့ရတယ်။ အဲဒီနိုင်ငံခြားသား အကြံပေးဆိုတာတွေကို NLD ပါတီက လစာပေးတာမဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာထဲကနေ လစာပေးခြင်းဖြစ်တယ်။ သူတို့ အသုံးမကျတာကို အသုံးမကျဘူးလို့ ဝန်မခံတဲ့အပြင် ပြည်သူ့ဘဏ္ဍာကို လွန်ကဲစွာ ဖြုန်းတီးခဲ့ကြတယ်။ ဒီပြဿနာက ဒီထက်မက အများကြီး သက်ရောက်မှုရှိတယ်။ မိမိတို့ပြည်တွင်းရေး (မိမိတို့တိုင်းပြည်ရဲ့ အတွင်းရေး)ကို နိုင်ငံတကာ သိအောင် ဖွင့်ချရာရောက်တဲ့ လုပ်ရပ်လည်း ဖြစ်တယ်။ 

တိုင်းရင်းသား ပြည်သူများက သူတို့ကို ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတယ်။ သူတို့တွေက တိုင်းရင်းသား ပြည်သူများရဲ့ အကျိုးကို ရှေးရှုခြင်းမရှိဘဲ ပြည်သူပေးတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘင်္ဂါလီအရေးကို ဇောင်းပေးလုပ်ဆောင်ခဲ့တယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာသည့် တိုင်အောင်လည်း နီပိန်းတွေမှာ မိမိတို့ ထောက်ခံအားပေးတဲ့ ပါတီအဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာ လမ်းလွဲနေပါလားလို့ မမြင်ကြဘူး။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အချစ်လွန်တဲ့ ပြဿနာပဲ။ လုပ်ရပ်တွေ မှားနေလို့လည်း မှားမှန်းမသိ။ မှားမှန်းသိသည့်တိုင်အောင်လည်း အဲဒီမှားယွင်းတဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုပြီး လော်ဘီလုပ်ကြတယ်။ အဲဒီတော့ ဒေါ်စုအပါအဝင် လုပ်စားနိုင်ငံရေးသမားတွေမှာ မှားယွင်းတဲ့ လုပ်ရပ်တွေကို ဇွတ်တိုးပြီး လုပ်ကြတော့လေသတည်းပေါ့။ 

တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကြောင့် ၅နှစ် အာဏာရသွားတဲ့အချိန်မှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ရဲ့ အရသာကို သိသွားကြတယ်။ အာဏာသက်ဆိုးရှည်ချင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲလည်းရောက်ရော သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်လာတယ်။ အာဏာရပါတီဆိုတဲ့ အရှိန်အဝါကို သုံးပြီး ဥပဒေမဲ့ လုပ်ရပ်တွေကို မျက်နှာပြောင်တိုက်လုပ်ဆောင်လာတယ်။ ဒီလိုနဲ့ ၂၀၂၀ မှာ ရာနှုန်းပြည်အနိုင်ရချင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ သမာသမတ်ရှိရှိ ရပ်တည်ရမယ့် NLD အစိုးလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ UEC တာဝန်ရှိသူတွေကိုယ်တိုင် က မဲလိမ်မဲခိုးမှုတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီ လုပ်ရပ်အမှားဟာ ပြည်ဖျက်မိစ္ဆာတွေ ဇာတ်သိမ်းခန်းပဲ။

ဒါနဲ့ ဆက်စက်လို့ တပ်မတော်က မဲလိမ်မဲခိုးမှုတွေကို ဖြေရှင်းဖို့ တိုက်တွန်းပြောဆိုလို့ မရသည့်အဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ အဲဒီလို ဖြစ်လာပြန်တော့ အာဏာလုယူပါတယ်လို့ ပြည်ဖျက်မိစ္ဆာတွေက ပြည်သူလူထုကို မှိုင်းတိုက်ကြပြန်ရော။ ဆင်ခြင်တုံတရားမရှိတဲ့ နီပိန်းတွေဟာလည်း သံယောင်လိုက်တဲ့ နေရာမှာတော့ နှိုင်းယှဉ်ပြစရာကို ရှာမရဘူး။ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို နားယောင်ပြီး ဆူပူဆန္ဒပြမှုတွေ လုပ်ရာကနေ အကြမ်းဖက်သမားတွေ ဖြစ်ကုန်တော့တာပဲ။

၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော် ကို CDM လုပ်ဖို့ နော်ဝေရောက် နီပိန်းတွေ က သွားပြီး ဖိအားပေး ပြောဆိုကြတယ်။ သံအမတ်ကြီး က ကောင်းမွန်စွာ ရှင်းပြတယ်။ ရွေးကောက်ပွဲမှာ ပါတီအဖွဲ့အစည်းတစ်ခုက ၁၀၀% အနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည် က ရာနှုန်းပြည့်နိုင်ချင်တယ်လို့ ပြောလာရင် မဖြစ်နိုင်တာကို မဖြစ်နိုင်တဲ့အကြောင်း အောက်ကလူတွေက တင်ပြရမယ်။ ပြည်သူအများစု ထောက်ခံအားပေးတယ်ဆိုစေအုံးတော့ တခြားပါတီအဖွဲ့အစည်းကို ထောက်ခံအားပေးကြသူတွေလည်း ရှိတယ်။ ရာနှုန်းပြည့်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကို မဖြစ် ဖြစ်အောင် လိုက်လုပ်တဲ့သူတွေက မလုပ်သင့်တာတွေ လုပ်ကုန်ကြတယ်။ အာဏာရှင်ဆိုတာ အဲဒီလိုကြောင့် ဖြစ်လာတာပဲ။ ဦးနေဝင်း၊ ဦးသန်းရွှေ တို့ အာဏာရှင်လို့ သမုတ်ခံရတာကလည်း အဲဒီလို အောက်ကလူတွေက လုပ်ချင်ရာလုပ်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်လို့ အာဏာရှင်လို့ သတ်မှတ်ခံခဲ့ရတယ် ဆိုတာကို ဥပမာပေးပြီး ရှင်းပြသွားပါတယ်။ နီပိန်းတွေကတော့ တစ်ဖက်ပိတ်တွေ၊ ပြည်ဖျက်မိစ္ဆာတွေရဲ့ နိုင်ငံရေးမှိုင်းမိနေသူတွေဆိုတော့ ဘာကိုမှ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိပါဘူး။ သူတို့လိုလားချက်ကိုပဲ ပလီပလာတွေ ပြောပြီး သံအမတ်ကြီးကို တိုက်ခိုက်ပါတယ်။ သံအမတ်ကြီးကတော့ ဒါတွေကို မမှုပါဘူး။ CDM မလုပ်ဘဲ တိုင်းပြည်အတွက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တယ်။ 

နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်ရဲ့ ရပ်တည်ချက်က ပုဂ္ဂိုလ်စွဲ မရှိဘူး။ ပါတီစွဲ မရှိဘူး။ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း အနေနဲ့ သူ့တာဝန်ကို သူကျေပွန်စွာ ထမ်းဆောင်ပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ကောင်းကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စံပြုထိုက်တဲ့ နိုင်ငံဝန်ထမ်းပါ။

ဒါတွေကို ထောက်ထားပြောဆိုရခြင်း က ကျွန်တော်တို့ ပြည်သူများအနေနဲ့ ရွေးကောက်ပွဲများမှာ ချစ်လို့ မဲပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ မုန်းလို့ မဲမပေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တိုင်းရေးပြည်ရာကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်၊ တိုင်းရင်းသားပြည်သူအကျိုးကို ရှေးရှုဆောင်ရွက်မယ့် ပုဂ္ဂိုလ်များကို ချစ်ခြင်း၊ မုန်းခြင်း အပေါ်မှာ အခြေမခံဘဲ ရွေးချယ်သင့်ပါတယ်။ 

တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်မယ့် ပြည်ပသြဇာခံ ပါတီအဖွဲ့အစည်းတွေကို မရွေးချယ်မိဖို့ကတော့ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီအဖွဲ့အစည်းတွေကို ကြည့်ပါ။ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေရဲ့ ပညာအရည်အချင်းနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို လေ့လာပါ။ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုးပြုနိုင်မယ့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို မှန်ကန်စွာ ရွေးချယ်ကြဖို့ သတိပေးလိုခြင်း ဖြစ်ပါတယ်။

အထူးအားဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ နှောက်ယှက်ဖို့ လှုံ့ဆော်တာတွေကို သံယောင်လိုက်တာမျိုးလည်း မလုပ်မိပါစေနဲ့။ ကာယကံမြောက် နှောက်ယှက်တာမျိုးလည်း မလုပ်မိပါစေနဲ့။ ပြည်ဖျက်မိစ္ဆာတွေက ပြည်ပကနေ လှုံ့ဆော်နေခြင်း ဖြစ်ပါတယ်။ သူတို့တွေကို အစိုးရအနေနဲ့က ဥပဒေအရ အရေးယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။ မြန်မာပြည်ထဲမှာ နေထိုင်ပြီး ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုတွေကို သံယောင်လိုက်တာ၊ ကာယကံမြောက် အဖျက်အမှောင့် လုပ်လာရင်တော့ "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" အရ အပြစ်ပေး အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက စည်းအပြင်က အာချောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေပြီး အာချောင်တာမျိုး၊ အဖျက်အမှောင့်လုပ်တာမျိုးဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပါပဲ။ ဒီမိုကရေစီကို တကယ်လိုလားရင် ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်နေတဲ့ အလုပ်ကိုတွေ အဖျက်အမှောင့် အလုပ်သင့်ဘူးဆိုတာလောက်တော့ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိပါစေ -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)