စက်တင်ဘာ - ၅ ( သောကြာနေ့ )
ဒီကနေ့ ကျင်းပတဲ့ ထိုင်းအောက်လွှတ်တော် အစည်းအဝေးပွဲကနေ ဘန်ဂျေထိုင်းပါတီခေါင်းဆောင် အန်နူတင် ချန်ဗီရာကယ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ပေတောင်တန် ရှင်နာဝပ်ထရာကို ၀န်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး၏ စီရင်ချက်ကိုချအပြီးမှာ ရွေးကောက်ပွဲလုပ်ပြီး ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်တင်မြှောက်လိုက်တာပါ။
အန်နူတင်က နိုင်ငံရေးနဲ့ သူစိမ်းမဟုတ်ပါ။ ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း ချာဝါရက် ချန်ဗီရာကယ် ရဲ့ သားအကြီးဆုံးဖြစ်ပြီး ၎င်းသည် အမေရိကန်ပြည်ထောင်စုရှိ ဟိုဖက်စ်ထရာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့နှင့် သမ်မာဆက်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရှိထားသူဖြစ်ပါတယ်။ ၎င်းရဲ့ နိုင်ငံရေး သက်တမ်းက ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီး၏ အကြံပေးအဖြစ် စတင်ခဲ့တာဖြစ်လို့ ဆယ်စုနှစ် ၃ ခုနီးပါး ကြာမြင့်ခဲ့ပါပြီ။
၂၀၀၆ ခုနှစ်တွင် Thai Rak Thai ကို ဖျက်သိမ်းပြီးနောက် နိုင်ငံရေးမှ ငါးနှစ် ပိတ်ပင်ခံရခြင်း မပြုမီ ကူးသန်းရောင်းဝယ်ရေး လက်ထောက်ဝန်ကြီးနှင့် ဒုတိယ ကျန်းမာရေး ဝန်ကြီးအဖြစ် ဆက်လက် ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်လာကာ ဘမ်ဂျေထိုင်းပါတီကို ဦးဆောင်ကာ Covid-19 ကပ်ရောဂါကာလအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မကြာသေးမီက သူသည် စရီသက် သာဗီဆင် အစိုးရနဲ့ ပေတောင်တန်ရှင်နာဝပ်ထရာ အစိုးရတို့တွင် ဒုတိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းခဲ့ပါတယ်။
အန်နူတင် ဝန်ကြီးချုပ်ရာထူးကို ပြည်သူ့ပါတီ (PP) နှင့် အခြားမဟာမိတ်များက ကျောထောက်နောက်ခံပေးထားပြီး နားလည်မှုစာချွန်လွှာ (MOU) အရ လူနည်းစုအစိုးရ ဖွဲ့နိုင်ခဲ့တာပါ။
REF: THAIGER
https://t.me/MyanmarNationalPost

No comments:
Post a Comment