စက်တင်ဘာ - ၁၀ ( ဗုဒ္ဓဟူးနေ့ )
ဘီလာရုစ် က ရုရှား နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ပြင်ဆင်နေတာမို့လို့ ပိုလန်နိုင်ငံက ဘီလာရုစ် နဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်လုံးကို ယခုသီတင်းပတ်နှောင်းပိုင်းကနေစပြီး ပိတ်ပစ်မယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ် မနေ့က ပြောလိုက်ပါတယ်။
စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားတဲ့ ဇာပတ်၂၀၂၅ စစ်ရေးလေ့ကျင့်မှုက ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပနေကျ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ တက်စ်က အဆိုပါ စစ်ရေးပြ လေ့ကျင့်မှုကို "အလွန် ရန်လိုတယ်" လို့ ပြောခဲ့ပြီး "ပိုလန်နယ်စပ် နဲ့ အလွန်နီးကပ်တယ်" လို့လည်းဖော်ပြခဲ့ပါတယ်။
“သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ဖို့ ပိုလန်စစ်တပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ကျနော်တို့ ဘက်ကနေ စောင့်ကြည့်နေမှာပါ” လို့ အစိုးရအစည်းအဝေးတစ်ခုအတွင်း တက်စ် က ပြောကြားခဲ့ပါတယ်။ နယ်စပ်ဂိတ်ပိတ်မှုသည် ကြာသပတေးနေ့ညတွင် စပြီးအသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။
ပိုလန်သည် ပြီးခဲ့တဲ့ သီတင်းပတ်က ၎င်း၏ သံမဏိကာကွယ်ရေး - ၂၅ လေ့ကျင့်ခန်းကို တပ်ဖွဲ့ဝင် ၃၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ပါတယ်။ အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံကလည်း ၎င်းရဲ့ မိုးကြိုးပစ် အမျိုးသားကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက နေတိုး ရဲ့ တာရက်စစ် - ၂၅ စစ်ရေးလေ့ကျင့်မှုတွင် အခြားနေတိုးမဟာမိတ် ရှစ်နိုင်ငံ နဲ့ အတူတူ ပါဝင်ခဲ့ပါတယ်။
ဘီလာရု ကာကွယ်ရေးဝန်ကြီး ဗစ်တာခရီနင်သည် ပြီးခဲ့သည့်လက ပိုလန်တပ်ဖွဲ့ဝင် ၃သောင်း ကိုတပ်လှန့်ပြီး ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ဝါဆောအစိုးရအား ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment