မိုင်းရယ်မြို့နယ် မူလွန်(တပ်တွင်း)ကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရယ်မြို့နယ် မူလွန်(တပ်တွင်း)ကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ပြုလုပ်

 



မိုင်းရယ်  ၊ စက်တင်ဘာ ၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နေ့လယ်(၁)နာရီတွင် မိုင်းရယ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း(တပ်တွင်း)တွင် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်သည်။


အသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လူကုန်ကူးမှုအန္တရာယ်အကြောင်းစရာများကို အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃ မှ ကျောင်းသား/ သူများအား နယ်လှည့်စာကြည့်တိုက်ပြုလုပ်ပြီး စာအုပ်စာစောင်များ ပြသခြင်း၊ ငှားရမ်းပေးခြင်းများနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


မိုင်းရယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)