တာမွေ၊ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း မိသားစုများ၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ ကျောင်းရှိ ကျောင်းစုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ဘုရားအမှူးရှိသော ပင့်သံဃာတော်အရှင်သူမြတ်များအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့သည်။ ဆက်လက်၍ ပင့်သံဃာတော်အရှင်သူမြတ်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်း ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်ပိုက်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများက ပင့်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်ပိုက်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသား/သူလေး များ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost






No comments:
Post a Comment