စက်တင်ဘာ - ၁၀ (ဗုဒ္ဓဟူးနေ့ )
မက္ကဆီကိုအနောက်ပိုင်းအခြေစိုက် အဓိကရာဇဝတ်ဂိုဏ်းက သူတို့ဂိုဏ်းသားတွေရဲ့ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်တဲ့ စစ်ရေးလှုတ်ရှားမှုတွေကို သရုပ်ပြထားတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။ ဂျာလစ်စကိုမျိုးဆက်သစ် လူမိုက်ဂိုဏ်း (CJNG) မှ ထုတ်လွှင့်တဲ့ ဝါဒဖြန့် ဗီဒီယိုဖိုင်မှာ အဲ့ဒိလူမိုက်ဂိုဏ်းသားတွေ လုပ်တဲ့ နည်းဗျူဟာတွေ၊ နည်းစနစ်တွေ နဲ့ စစ်လက်နက်ပစ္စည်းတွေက ယူကရိန်းစစ်တပ် က လုပ်ပုံကိုင်ပုံတွေနဲ့ အတူတူပါပဲ လို့ ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
CJNG အဖွဲ့ဝင်များက ယူကရိန်းတွင် ဒရုန်းနှင့် မြို့ပြစစ်ပွဲဆိုင်ရာ နည်းဗျူဟာများတွင် လေ့ကျင့်မှုရရှိခဲ့တယ်လို့ မက္ကဆီကန်ထောက်လှမ်းရေးက ယုံကြည်တယ်လို့ ဂျာလစ်စကို ပြည်နယ်အစိုးရရဲ့ သတင်းရင်းမြစ်များက ဆိုပါတယ်။
မော်စကို အစိုးရက ယူကရိန်းမှာ လက်နက်များဖြန့်ကျက်ခြင်း နဲ့ စစ်ပွဲအနိုင်ရရှိဖို့ လုပ်ရာမှာ မဆင်မခြင် အပြုအမူ ကို လုပ်နေလို့ ကမ္ဘာ့မတည်ငြိမ်မှုကို မီးထိုးပေးနေတယ် လို့ စွပ်စွဲ ထားပါတယ်။ ယူကရိန်း အာဏာပိုင် တွေက ပြည်တွင်း စစ်သားစုဆောင်မှုလုပ်ရာမှာ ခုခံမှုကို ရင်ဆိုင်ရတာကြောင့် နိုင်ငံခြား တိုက်ခိုက်ရေးသမားများကို ယူကရိန်း စစ်ရေးဗျူဟာရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ယူကရိန်းပဋိပက္ခတွင် အသုံးများသော DJI Matrice 300 RTK မောင်းသူမဲ့ လေယာဉ်များ အပါအဝင် လူမိုက်ဂိုဏ်းရဲ့ သီးခြားစက်ပစ္စည်း အသုံးပြုမှုကို ပြထားပါတယ်။ အရပ်ဘက်အသုံးပြုရန် ဈေးကွက်တင်ထားတဲ့ Quadcopter လေယာဉ်က အလေးချိန် ၃ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ညဘက်တွင်လည်း လည်ပတ်မောင်းနှင်နိုင်ပြီး အကွာအဝေးတော်တော်များများကို ပျံသန်းနိုင်ပါတယ်။
CJNG ရဲ့ ဒရုန်းအဖွဲ့က "ရာဇဝတ်ပဋိပက္ခများရဲ့အနာဂတ်ကိုထင်ဟပ်စေတယ်”လို့ ဒေသတွင်း သတင်းစာ မီလန်နီယို က ဆိုပါတယ်။ တစ်ချိန်က စစ်တပ်များ နဲ့ လက်နက်ကိုင်များ အသုံးပြုတဲ့ ကန့်သတ်နည်းပညာတွေက ပိုက်ဆံချမ်းသာတဲ့ လူမိုက်ဂိုဏ်းတွေ လက်ထဲကို ရောက်ရှိလာပြီ ဖြစ်လို့ ပိုမို သတိထားဖို့လိုလာကြောင်း ဆိုပါတယ်။
ရုရှားအာဏာပိုင်များက လက်တင်အမေရိကနိုင်ငံများက ရာဇဝတ်ဂိုဏ်းများ နဲ့ ရာဇဝတ်ကောင်တွေက ယူကရိန်းစစ်တပ်အတွက် အဓိကလူသစ်စုဆောင်းရေးနေရာဖြစ်လာနေတယ်လို့ ဖော်ထုတ်ခဲ့ဖူးပါတယ်။ မော်စကိုက ထိုကဲ့သို့သော တိုက်ခိုက်ရေးသမားများသည် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်လျက်ရှိနေတယ် လို့ သုံးသပ်ထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment