သံတောင်ကြီးမြို့တွင် တောင်ယာသီးနှံများဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့တွင် တောင်ယာသီးနှံများဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ




သံတောင်ကြီး ၊  စက်တင်ဘာ ၅


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြင့် အဓိကလုပ်ကိုင်လျက်ရှိရာ အဆိုပါစိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်မီ မိမိတို့ပိုင်ဆိုင်သည့် မြေလွတ်များတွင် တောင်ယာများခုတ်ကာ နှစ်တိုပင် သီးနှံပင်များ စိုက်ပျိုးပြီးယခုအချိန်တွင် တောင်ယာသီးနှံများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြကြောင်း သိရသည်။

အဆိုပါဒေသခံပြည်သူများသည် တစ်နှစ်လျှင်တစ်ကြိမ် နွေရာသီအချိန်တွင် တောင်ယာများကိုစတင် ခုတ်ပြီးမိုးဦးပိုင်းအချိန်၌ တောင်ယာစပါး၊ ပြောင်းဖူး၊ ကျောက်ဖရုံသီး၊ ဖရုံသီး၊ သခွားသီး၊ ငရုတ်သီး၊ နနွင်း၊ ချည်ပေါင်စသည်တို့ကို စိုက်ပျိုးလျက်ရှိရာ စက်တင်ဘာလပထမပတ်တွင် စတင်ခူးယူရောင်းချလျက်ရှိသည်။ တောင်ယာသီးနှံများကို အများအားဖြင့် သံတောင်ကြီးမြို့ပေါ်တွင်သာ ရောင်းချပြီး မိသားစုအပိုဝင်ငွေရ တောင်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူတစ်ဦးထံက သိရသည်။

နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)