ဟင်္သာတမြို့နယ် တလုတ္ထော်မြို့တွင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ် တလုတ္ထော်မြို့တွင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားပြုလုပ်



ဟင်္သာတ  ၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ တလုတ္ထော်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ် လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံ တောင်သူများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေး နှုန်းထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများအသုံးပြုပြီး မိုးစပါး ပန်းတိုင်အထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခြင်း၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုတို့မှ တောင်သူများအတွက် “ဩဘာယူရီးယား”ဓာတ်မြေဩဇာ (၈၀၅) အိတ်၊ “ဩဘာကွန်ပေါင်း”ဓာတ်မြေသြဇာ (၁၂၇) အိတ် စုစုပေါင်းသွင်းအားစုဓာတ်မြေဩဇာ (၉၃၂) အိတ် တို့အား ဒေသခံတောင်သူများထံ လက်ရောက်ပေးအပ်ခဲ့ ကြကြောင်းသိ ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)