လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မှ လျှောက်ထားကြသူများ အင်္ဂလိပ်စာရေးဖြေစာမေးပွဲဖြေဆိုနေမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မှ လျှောက်ထားကြသူများ အင်္ဂလိပ်စာရေးဖြေစာမေးပွဲဖြေဆိုနေမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး


နေပြည်တော်၊ စက်တင်ဘာ ၇

လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် နေရာအသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများ တစ်ပြိုင်တည်းကျင်းပပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် စာမေးပွဲကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က အဆိုပါစာမေးပွဲ ကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲကျင်းပနေမှုကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တစ်နေရာတည်းမှ ကြည့်ရှုကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းခန်းမ နားနေဆောင်အတွင်း စီစဉ်ထားရှိသည့်နေရာမှ ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုးသား/ အမျိုးသမီးဝန်ထမ်း စုစုပေါင်း ၁၅၀ ခန့်ထားနိုင်ရေးအတွက် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားသူများကို အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ယနေ့ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅၀ စုစုပေါင်း ၁၃၃ ဦး ဖြေဆိုခဲ့ကြကြောင်းနှင့် အဆိုပါအင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းတို့ကို မကြာမီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ စစ်ဆေးမှုအောင်မြင်သူများကို လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ရာထူးဖြင့် ဝန်ထမ်းအဖြစ် ခန့်ထားရေးလုပ်ငန်းစဉ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)