ရေဆင်းတက္ကသိုလ်နယ်မြေ၌ (၈၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဆင်းတက္ကသိုလ်နယ်မြေ၌ (၈၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင် ရွက်သော (၈၂) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာပညာ ရှင်များ၊ သုတေသီများက “ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများနှင့် ဆရာ ဆရာများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများမှ ဆရာ ဆရာမများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်း၊ ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက် ဆိုက်၊ နိုက်ထရပ်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ စွန့်ထုတ်မှုမြင့်တက်နိုင်ကြောင်း၊ ထိုသို့သော ဓာတ်ငွေ့များထွက်ရှိမှုကို လျှော့ချ နိုင်ရန် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်း များ ကျင့်သုံးရန်အထူးအရေးကြီးကြောင်း၊ တောင်သူများအကြား ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်နှင့်စပ်လျဉ်း၍ ပိုမိုသိရှိပြီး လိုက်နာဆောင်ရွက်လာ စေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို တွဲဖက်လုပ်ကိုင်လာ မှသာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ စားရေရိက္ခာ တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ရာဇာဟိန်းက ကုန်းဘောင်ခေတ် စပါးစိုက်ပျိုးရေး၊ မျိုး ၁၈၇ မျိုးနှင့် စိုက်ပျိုးချိန် ကာလများ၊ မိုးလေဝသရာသီဥတု ပြောင်းလဲမှုအခြေခံသဘောတရားနှင့် သက်ရောက်မှုဖြစ်စဉ်၊ ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ဆွေးနွေးတင်ပြရာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)