ပြင်ဦးလွင်၊ စက်တင်ဘာ ၇
ပြည်ဖျက်မီဒီယာတွေမှာ စစ်တပ်အရာရှိဆိုပြီး ဖုန်းဆိုင်ပိုင်ကဝန်ထမ်းတွေကို PDF လို့ပြောကာ ဖမ်းခိုင်းမယ်လို ခြိမ်းခြောက်နေတဲ့ Video File တစ်ခု အင်တာနက်စာမျက်နှာမှာ ဖော်ပြပြီး တပ်မတော်ကို ဂုဏ်သိက္ခာကျအောင် မဟုတ်မမှန် ဝါဒဖြန့်ခဲ့ပါတယ်။ ဖော်ပြပါ ရုပ်သံတွင် ရမ်းကားသူမှာ တပ်မတော်အရာရှိမဟုတ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပြီး လူရမ်းကားကို တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြင်ဦးလွင်၊ မိုးကြိုးပစ်ရွာက သီဟ မိုဘိုင်းဖုန်းဆိုင်တွင် စိုးဝင်း ဆိုသူက ဖုန်းဆိုင်ဝန်ထမ်းများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင်လည်း လူဆိုး၊ သူခိုးများက တပ်မတော်သား၊ တပ်မတော်အရာရှိ အယောင်ဆောင်ကာ ပြည်သူများထံမှ လိုက်လံခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးအရေးယူရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်ကို အပုပ်ချရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများပီပီ မှန်ကန်မှု ရှိ/ မရှိ စိစစ်ခြင်းမရှိဘဲ တပ်မတော်အရာရှိ ဟု ခေါင်းစဉ်တပ်၍ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ဖော်ပြခဲ့ကြသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment