ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ် (မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ



ချမ်းမြသာစည်  ၊ စက်တင်ဘာ ၉


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ x ၆၃လမ်းကြား၊ ၁၀၄ x ၁၀၅လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ ဘက်စုံသုံးခန်းမတွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်အသိပညာ ဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုး ပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော  လူငယ်စကားဝိုင်းကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာ ဒေါ်ခင်၀င်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်‌ဝေဝေဖြိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်‌ဆွေးနွေးခဲ့ပြီး အဆိုပါတက္ကသိုလ်မှ စတုတ္တနှစ် ကျောင်းသား၊‌ကျောင်းသူများဖြစ်ကြသည့် မောင်ဘုန်းသက်ရှည်နှင့် မအိရွှေစင်တို့က  "လူငယ်နှင့်သုတေသန" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ တတိယနှစ် ကျောင်းသား၊ကျောင်းသူများဖြစ်ကြသည့် မောင်မြတ်နိုး‌အောင်နှင့် မမေဖူးပွင့်ခိုင်တို့က "လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


လူငယ်စကားဝိုင်းသို့ သူနာပြုတက္ကသိုလ် ‌ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်၀င်းစိန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုး၊ ဒုတိယပါ‌မောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချမ်းမြေ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)