ဟူသီစစ်သွေးကြွတွေက ကုလ ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟူသီစစ်သွေးကြွတွေက ကုလ ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွား


စက်တင်ဘာ - ၁ ( တနင်္လာနေ့ ) 

ယီမင်နိုင်ငံ မြို့တော် ဆာနာနှင့် ဆိပ်ကမ်းမြို့ ဟိုဒိုင်ဒါ  ရှိ ကုလသမဂ္ဂရုံးများကို ဝင်ရောက်စီးနင်းပြီးနောက် ဝန်ထမ်း ၁၁ ဦးကျော်ကို ဟူသီစစ်သွေးကြွအဖွဲ့က ထိန်းသိမ်းထားကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ကြာသပတေးနေ့ က အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟူသီစစ်သွေးကြွအဖွဲ့ရဲ့ ၀န်ကြီးချုပ် အာမက်ဂဟာလက်နာဆာအယ်လ်ရာဟာဝီ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒိကိစ္စကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟူသီ စစ်သွေးကြွတွေက ကုလသမဂ္ဂရုံးတွေကို ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းတွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ 

ယီမင်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက AFP သို့ ပြောကြားရာတွင် ဟူသီတွေက အစ္စရေးနှင့် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့လူတွေကို ဆာနာမြို့ နဲ့ အနီးတစ်ဝိုက်ရှိ မြို့တွေမှာ အခြားလူ ဒါဇင်ပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ အဆိုအရ စစ်သွေးကြွများသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဆောက်အအုံများသို့ အတင်းအကျပ် ဝင်ရောက်ကာ ကုလသမဂ္ဂ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့တဲ့ အပြင် အခြား အေဂျင်စီရုံးများသို့ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ 

ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟန်ဂရန်ဘာဂ် က “ကုလဝန်ထမ်းများ၏ မတရားဖမ်းဆီးခြင်း” လို့ ရှုတ်ချခဲ့ပြီး ၎င်းတို့အား “ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်” တောင်းဆိုထားပါတယ်။ “ကုလဝန်ထမ်းတွေရဲ့ အလုပ်က ကြားနေ၊ ဘက်မလိုက်မှု၊ လွတ်လပ်မှုနဲ့ လူသားဆန်မှုရဲ့ အခြေခံမူတွေအောက်မှာ ရေးဆွဲထားပြီး လုပ်ဆောင်နေပါတယ်။ ဒီဖမ်းဆီးမှုတွေဟာ ယီမင်မှာ ကုလဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့ မရှိမဖြစ်အလုပ်တွေကို ထမ်းဆောင်နိုင်မှုကို လေးစားလိုက်နာဖို့ အခြေခံတာဝန်ကို ချိုးဖောက်တာ ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။ 

ဂရန်ဘာဂ်ရဲ့ အဆိုအရ ဟူသီတွေက ကုလသမဂ္ဂ ဝန်ထမ်း ၂၃ ဦးကို ဖမ်းထားပြီး အချို့မှာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒိထဲက အချို့မှာ ယခုနှစ်အစောပိုင်းတွင် အချုပ်ထဲတွင် သေဆုံးသွားခဲ့ပါတယ်။ ဟူသီတွေရဲ့ စွပ်စွဲချက်ဖြစ်တဲ့ “အမေရိကန်-အစ္စရေးသူလျှိုကွန်ရက်” တွင် လှုတ်ရှားနေတဲ့  အကူအညီပေးရေး လုပ်သားများဖြစ်တယ် ဆိုတာကို ကုလသမဂ္ဂမှ ပယ်ချခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)