စက်တင်ဘာ - ၁ ( တနင်္လာနေ့ )
ယူကရိန်းနိုင်ငံအနောက်ပိုင်း အယ်လ်ဗစ်မြို့မှာ နေ့ခင်းကြောင်တောင်ကြီး သေနတ်နဲ့ပစ်သက်ခံလိုက်ရတဲ့ လက်ယာစွန်းပါလီမန်အမတ်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း အန်ဒရေး ပါရူဘီယီ အား သတ်ဖြတ်မှုတွင်ပါဝင်သူ တွေထဲက သံသယရှိသူ တစ်ဦးကို ပစ်သတ်ခံရပြီး ၄၈ နာရီမပြည့်ခင်မှာပဲ ယူကရိန်းဥပဒေစိုးမိုးရေးက ဖမ်းဆီးပြီး ထိန်းသိမ်းထားကြောင်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက ဒီနေ့မနက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တနင်္ဂနွေညက ယူကရိန်းပြည်တွင်းရေးရာဝန်ကြီး နဲ့ လုံခြုံရေးဝန်ဆောင်မှု (SBU) အကြီးအကဲ တို့က အမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုများအကြောင်း ဇီလန်စကီးကို အစီရင်ခံခဲ့ပါတယ်။ “ရနိုင်တဲ့အချက်အလက်တွေကို အများသူငှာတင်ပြဖို့ ညွှန်ကြားထားပါတယ်။ ကျနော်တို့ရဲ့ ဥပဒေအရာရှိများကို ချက်ခြင်းညှိနှိုင်းလုပ်ဆောင် ပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒိဆိုးရွားလှတဲ့ လူသတ်မှု၏ အခြေအနေအားလုံးကို ပြည်သူတွေကို ရှင်းလင်းတင်ပြသွားမှာပါ” လို့ ဇီလန်စကီးက သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် သံသယရှိသူရဲ့အမည်ကို မသိရသေးကြောင်း နဲ့ ၎င်းက အစိုးရရှေ့နေချုပ် နဲ့ စကားပြောခဲ့ပြီး သံသယရှိသူရဲ့ ကနဦးထွက်ဆိုချက် ရရှိထားပြီးဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
"ဒီလူသတ်မှုရဲ့ အခြေအနေအားလုံးကို ဖော်ထုတ်နိုင်ဖို့ အရေးပေါ် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။ တရားဥပဒေစိုးမိုးရေး အဖွဲ့တစ်ခုလုံးနှင့် အစိုးရရှေ့နေများသည် နာရီပတ်လုံး အလုပ်လုပ်နေကြပါတယ်"လို့ ဆိုပါတယ်။
ပါရူဘီယီ ( ၅၄ နှစ်) က စနေနေ့မှာ အယ်လ်ဗစ် မြို့တွင် မှာ လမ်းလျှောက်လာစဉ် အမည်မသိလူတစ်ဦးက သေနတ်နဲ့ ၈ကြိမ်ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အွန်လိုင်းတွင် မျှဝေထားတဲ့ ထောက်လှမ်းရေး ဗီဒီယိုဖိုင်တွင် အစားအသောက်ပို့ဆောင်ရေးအဖြစ် ဟန်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ပြီး အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးသွားတာကို မြင်တွေ့ရပါတယ်။
အမှု နောက်ကွယ်က အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ယူကရိန်း၏ လက်ယာစွန်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ပါရူဘီယီ ၎င်းရဲ့ နာဇီလက်သစ် သင်္ကေတနှင့် အတွေးအခေါ် အယူအဆများကြောင့် လူသိများတဲ့ ယူကရိန်း ဆိုရှယ်-အမျိုးသားပါတီဝင်တစ်ယောက် ဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment