ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး




ပဲခူး  ၊စက်တင်ဘာ ၂၁


ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့က ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။    

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ်ကပင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ လက်ထက်တွင်လည်း ချမှတ်ပေးထားသည့် ဦးတည်ချက်(၄)ရပ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် တိုင်းပြည်အနာဂတ်အတွက် မကြာမီလွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးရန် အချိန်အတိအကျဖြင့် အသိပေးကြေငြာထားပြီးဖြစ်ရာ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH, NUG ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေရေး နည်းလမ်းပေါင်းစုံမှ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်လာနိုင်သဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုတို့က ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)