ဂါဇာမှာ ဟားမတ်တွေဖမ်းထားတဲ့ ဓားစားခံတွေက အယောက် ၂၀ လောက် မကြားသေးခင်က သေဆုံးသွားတယ်လို့ သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂါဇာမှာ ဟားမတ်တွေဖမ်းထားတဲ့ ဓားစားခံတွေက အယောက် ၂၀ လောက် မကြားသေးခင်က သေဆုံးသွားတယ်လို့ သိရ


စက်တင်ဘာ - ၇ ( တနင်္လာနေ့ ) 

ဂါဇာတွင် အစ္စရေးဓားစာခံများ လွတ်မြောက်ရေး အတွက် အမေရိကန် အနေဖြင့် ဟားမတ်စ်တွေနဲ့ နက်ရှိုင်းတဲ့စေ့စပ် ညှိနှိုင်းမှုတွေ လုပ်နေပါတယ် လို့ သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့ပြီး အသက်ရှင်လျက် ရှိနေတယ်လို့ ယူဆရတဲ့ လူတွေထဲက အယောက် (၂၀) လောက်က မကြာသေးမီက သေဆုံးသွားဖွယ် ရှိတယ်လို့ ပြောသွားပါတယ်။ သေကြာနေ့က ပြောသွားတဲ့ အဲ့ဒိကိစ္စကို ထရမ့်က သူ၏ သတင်းအချက်အလက် အရင်းအမြစ် ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသလို၊ အစ္စရေးစစ်တပ်ကလည်း သမ္မတရဲ့မှတ်ချက်ကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

အစ္စရေး ဘက်ကတော့ ဟားမတ်တွေဖမ်းထားတဲ့ ဓားစာခံ ၄၇ ဦး ကျန်ရှိပြီး ၂၇ ဦး သေဆုံးပြီးနှင့်လောက်ပြီ လို့ ယုံကြည်ထားပါတယ်။ “လူ ၂၀ လောက်ရှိပေမယ်။  မကြာခင်က သေဆုံးသွားတဲ့သူ အယောက် ၂၀ လောက်ရှိမယ် ထင်တယ်။ အဲဒါ မှားမယ်လို့ မျှော်လင့်ပါတယ်” လို့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေ ကို ထရမ့်က ပြောပါတယ်။ “အနည်းဆုံး လူ ၃၀ လောက် သေဆုံးသွားပြီဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ ကျန်တဲ့သူတွေကိုလည်း လွှတ်ပေးဖို့ ညှိနှိုင်းနေပါတယ်” လို့ ဆိုပါတယ်။ 

“ကျနော်ပြောချင်တာက လက်ကျန်က ၁၀ ယောက် ဒါမှမဟုတ် အယောက် ၂၀ လောက်ရှိမယ် ဆိုကြပါစို့။ ကျနော်တို့ ရအောင်ကယ်ထုတ်နိုင်ဖို့ လိုပါတယ်” လို့လည်း ပြောပါတယ်။ 

၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ထောင်နဲ့ ချီသေဆုံးပြီး ၂၅၀ ခန့်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီအထဲက ဓားစာခံ ၁၄၆ ယောက်ကို ကယ်ဆယ်ပြီးပါပြီ။ ဓားစာခံ ၈၃ ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီး အချို့မှာ ဂါဇာကမ်းမြောင်ဒေသတွင်းမှာ ကျန်ရှိနေတဲ့ အလောင်းများနှင့်အတူ သေဆုံးသွားကြောင်း အတည်ပြုထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)