လာအိုနိုင်ငံက ကော်ဖီရောင်းချမှုကို အမေရိကန်မှ ရုရှားသို့ ပြန်လည် လမ်းကြောင်းပြောင်းသွားနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

လာအိုနိုင်ငံက ကော်ဖီရောင်းချမှုကို အမေရိကန်မှ ရုရှားသို့ ပြန်လည် လမ်းကြောင်းပြောင်းသွားနိုင်


စက်တင်ဘာ - ၇ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြီးလေးသော အခွန်စည်းကြပ်မှုများကြောင့် လာအိုနိုင်ငံက ၎င်းရဲ့ကော်ဖီရောင်းချမှုကို အမေရိကန်မှ ရုရှားသို့ ပြန်လည် လမ်းကြောင်းပြောင်းသွားနိုင်ကြောင်း လာအိုဝန်ကြီးချုပ် ဆိုနီဇေး ဆီဖန်ဒုံ က ပြောသွားပါတယ်။ 

တရားမျှတမှုမရှိသော ကုန်သွယ်မှရေးမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်တဲ့အနေနဲ့ အမေရိကန်က ကျယ်ပြန့်သော နိုင်ငံအလိုက် အခွန်စည်းကြပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာအိုနိုင်ငံထုတ် ကုန်ပစ္စည်းများ အပေါ် အခွန်ကောက်ခံမှု ၄၀% အား ပြီးခဲ့သည့်လတွင် ချမှတ်ခဲ့ပါတယ်။ 

“လာအိုက အမေရိကန်ကို ထောက်ပံ့တဲ့ ကုန်ပစ္စည်းတွေထဲမှာ ကော်ဖီလိုမျိုး စိုက်ပျိုးရေးထွက်ကုန်တွေ ပါပါတယ်။ အခု ကျနော်တို့ ရုရှားကို ပဲ ထုတ်ရောင်းတော့မှာပါ။ ရုရှားက လိုအပ်တဲ့ ပမာဏအတိုင်း ထုတ်ပေးနိုင်ရင် ကျနော်တို့ရဲ့ ထုတ်ကုန်ပမာဏက အများကြီး တိုးသွားနိုင်ပါတယ်” လို့ ဆီဖန်ဒုံ က ဆိုပါတယ်။ 

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ထိပ်တန်းကော်ဖီတင်ပို့တဲ့ ဘရာဇီးနှင့် ဗီယက်နမ်တို့ကို ဒဏ်ကြေးငွေ ၅၀% နှင့် ၂၀% အသီးသီးထိ ရောက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သူ ဘရာဇီးက ကမ္ဘာ့ထွက်ကုန်၏ ၃၇ ရာခိုင်နှုန်းနှင့် ဗီယက်နမ်က ၁၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ 

ရာသီဥတုဆိုးရွားမှုကြောင့် ရိတ်သိမ်းမှုများ ပျက်စီးခဲ့ရသည့်အပြင် အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်ကြောင့် စျေးကွက်ပြတ်တောက်မှုများဖြစ်ပေါ်ကာ မကြာသေးမီလများအတွင်း ကော်ဖီစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာ ကော်ဖီအဖွဲ့မှ သိရပါတယ်။ 

အမေရိကန်အမျိုးသားကော်ဖီအသင်း ရဲ့ အဆိုအရ အမေရိကားမှာ လူ ၃ ဦးမှာ ၂ ဦး က ကော်ဖီသောက်ကြောင်း ဆိုပါတယ်။ အဆိုပါအဖွဲ့က ထရမ့်ရဲ့ အခွန်စည်းကြပ်မှုမတိုင်မီ အချိန်တုန်းက ကော်ဖီအတွက် အခွန်ကင်းလွတ်ခွင့်ပြုရန် စည်းရုံးလှုံ့ဆော်ခဲ့သော်လည်း ယခုအချိန်အထိ မရရှိသေးပါ။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)