စက်တင်ဘာ - ၇ ( တနင်္ဂနွေနေ့ )
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက အစ္စရေး အနေနဲ့ အနောက်ဖက်ကမ်းဒေသကို သိမ်းယူခြင်း ဆက်လုပ်ပါက အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက် အကောင်အထည် မဖော်နိုင်တော့မှာ ဖြစ်လို့ အဲ့ဒိအစီအစဉ်ကို နောက်ဆုတ်ပေးဖို့ လူသိရှင်ကြား တရားဝင် သတိပေးလိုက်ပါတယ်။
အနောက်ဖက်ကမ်းဒေသကို သိမ်းယူဖို့အတွက် အစ္စရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲကို သောကြာနေ့က လုပ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ယူအေအီး အကြီးတန်းသံတမန်တစ်ဦးက အစ္စရေး မီဒီယာတွေမှာ အစိုးရအနေနဲ့ မလုပ်သင့်ကြောင်းကို ပြောကြားခဲ့ပါတယ်။ “အဲ့ဒိလှုပ်ရှားမှုက အစ္စရေးနိုင်ငံရဲ့ ဒေသတွင်း ပေါင်းစည်းရေး လမ်းကြောင်းကို ပိတ်ဆို့စေနိုင်တဲ့ “အနီရောင်မျဉ်း” တစ်ခုဖြစ်လိမ့်မယ်” လို့ ပြောသွားပါတယ်။
“ရှင်တို့တွေ ပြောပြောနေတဲ့ အာရပ်မြို့တော်တိုင်းကို ဒေသဆိုင်ရာ ပေါင်းစည်းရေး စိတ်ကူးဟာ ဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ၊ ဒါပေမယ့် အစ္စရေးမှာရှိနေတဲ့ အစွန်းရောက်တချို့ကို ဆွေးနွေးပွဲပေါ်ကို ခေါ်မတင်ဘဲ အပြီးတိုင် ဖယ်ရှားလိုက်မယ် ဆိုရင်တော့ နောက်ထပ်ဆွေးနွေးပွဲတွေက ရှိတော့မှာ မဟုတ်ဘူး” လို့ အဆိုပါ သံတမန်က ပြောသွားပါတယ်။
ယူအေအီးသည် ရာစုနှစ် လေးပုံတစ်ပုံကျော်အတွင်း အစ္စရေး နဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်လုပ်တဲ့ ပထမဆုံးအာရပ်နိုင်ငံဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။
အဘူဒါဘီအစိုးရရဲ့ လူသိရှင်ကြားသတိပေးချက်မှာ “အံ့သြစရာဖြစ်လာတယ်” လို့ အစ္စရေးအရာရှိတစ်ဦးက ပြောကြားပြီး အခြေအနေက အလွန်ထူးခြားနေတယ် လို့လည်း ပြောသွားပါတယ်။ အနောက်ဖက်ကမ်းဒေသကို သိမ်းယူမယ့် အစ္စရေး ဝန်ကြီးအဆင့် အစည်းအဝေး အစီအစဉ်က ပျက်သွားခဲ့ပါတယ်။
ဝါရှင်တန်အစိုးရဘက်ကတော့ ယခုအချိန်အထိ အဆိုပါကိစ္စရပ်အပေါ် ရပ်တည်ချက်မပေးထားပါဘူး။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ယခုရက်သတ္တပတ်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခြေရှိသော အလားအလာများကို “နောက်ဆုံးအရာမဟုတ်” လို့ ဖော်ပြခဲ့ပြီး ယင်းနှင့်ပတ်သက်၍ ၎င်းက “ထင်မြင်ချက်ပေးမည်မဟုတ်”လို့လည်း ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment