မင်းလှမြို့နယ်တွင် အကြမ်းဖက် PDF စခန်း တစ်ခုသိမ်းပိုက်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် အကြမ်းဖက် PDF စခန်း တစ်ခုသိမ်းပိုက်ရရှိ


မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်တစ်ဝိုက်တွင် ‌၂၀၂၅ စက်တင်ဘာ ၆ ရက် ညနေပိုင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းရာ မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူ့စခန်းနဲ့အတူ လက်နက်/ခဲယမ်း/ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက် PDF စခန်းမှ လူနေတဲ ၃၇ လုံး၊ တန်းစီကွင်း ၁ ခု၊ ထမင်းစားစောင် ၂ ခု၊ ခြင်းကွင်း ၁ ခု၊ တွင်ခုံ ၁ ခု၊ လက်လုပ် ၁၂ ဗို့ ၁၀ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၂ လက်၊ အမ်-၁၆ (၁)လက်၊ ဘီအေ-၆၃(၁)လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ FGC 9 သေနတ် ၅ လက်၊ ၇၃ မမ ခွင်းဗုံး ၁ လုံး၊ ၆၀ မမ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၆၀ မမ လက်လုပ်ဗုံးသီး ၂ လုံး၊ Drop Bomb ဗုံးသီးလက်လုပ် ၂၈ လုံး၊ ကျည်ကာ ၁၂ ထည်၊ တရုတ်မီးစက် ဒိုင်နမိုပါ ၂ လုံး၊ လှေ ၁ စီး၊ ဆင် ၅ ကောင် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

-

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)