စက်တင်ဘာ - ၇ ( တနင်္ဂနွေနေ့ )
မနေ့က ပြင်သစ်နိုင်ငံမြို့တော်ပါရီမှာ လုပ်တဲ့ ဆန္ဒပြပွဲတစ်ခုမှာ လူပေါင်းထောင်နဲ့ ချီပါဝင်ခဲ့ပါတယ်။ သူတို့က လက်ရှိပြင်သစ်သမ္မတ အန်မာနျူရယ်မာခရွန်ကို ရာထူးကနေ ဆင်းပေးဖို့နဲ့ ပြင်သစ်နိုင်ငံကို ဥရောပသမဂ္ဂ (အီးယူ) ကနေထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဘတ်ဂျက်လိုငွေပြမှု နဲ့ အစိုးရရဲ့ဘဏ္ဍာရေးမူဝါဒများအပေါ် မကျေနပ်မှုများ တဟုန်ထိုးတိုးလာနေတာမို့လို့ မာခရွန်ကို ပြည်သူထောက်ခံမှုအဆင့်က ၎င်းအာဏာရခဲ့တဲ့ ၂၀၁၇ ကနေ့ ယနေ့ထိ အတွင်းမှာ အောက်ဆုံး အဆင့်သို့ ကျဆင်းသွားခဲ့ပါပြီ။
ပြင်သစ်လူမျိုး ၈၀ % လောက်က မာခရွန် ကို မယုံကြည်ကြတော့ဘူးလို့ Le Figaro သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက “မာခရွန်ရယ် တော်လောက်ပါပြီ။ စစ်ပွဲတွေလည်း ရပ်ပါတော့။ ဖရီးဇစ်(အီးယူမှာထွက်ခွာခြင်း) လုပ်ကြမယ်” ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။
အဲ့ဒိဆန္ဒပြပွဲကို အမျိုးသား လူထုစုဝေးပွဲ နိုင်ငံရေးသမားဟောင်း ဖလိုရီယန် ဖိလစ်ပေါ့ ဆိုသူက စီစဉ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ မျိုးချစ်ပါတီက ယူကရိန်းသို့ လက်နက်များ ပေးအပ်ခြင်းကို ဆန့်ကျင်ပြီး ရုရှားကို ဆန့်ကျင်ခြင်း အရှိန်တိုးမြင့်နေမှုကို အစိုးရအားထက်မလုပ်ဖို့ သတိပေးလိုက်ပါတယ်။
အလားတူ ဆန္ဒပြပွဲတွေကိုလည်း လက်ဝဲစွန်းဝါဒီတွေနဲ့ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့တွေကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment