ရေဖြူ ၊ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဉစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ရော်ဘာစိုက်ခင်းများ၊ ကွမ်းသီးခြံများတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးထားခြင်း၊ သီးသန့်ဝဉခင်းများရှိပြီး ယခုစက်တင်ဘာလတွင် စတင်တူးဖော်ကြရကြောင်း သိရသည်။
ယခုနှစ်တွင် ဝဉအစို တစ်ပိဿာ (၃၅၀၀) ကျပ်ရရှိပြီး ယခင်နှစ်က တစ်ပိဿာ (၂၀၀၀) ကျပ်သာ ရရှိသဖြင့် ယခုနှစ်ဈေးပိုကာ မိသားစုဝင်ငွေတိုးကြကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဝဉပင်ကို ကျေးရွာတိုင်း၌ ဉယျာဉ်ခြံမြေနှင့် နေအိမ်တိုင်း မြေလွတ်များတွင် စိုက်ပျိုးထားရှိပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment