ယာယီနေရပ်စွန့်ခွာထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယာယီနေရပ်စွန့်ခွာထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၁၈

တရားမဝင်ပြည်ပထွက်ခွာအလုပ်သမားများလျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေး နည်းလမ်းများနှင့် ပတ်သက်သည့်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကော်မတီ၏လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တရားမဝင်ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့် အလုပ်ရှင်များဘက်မှဆောင်ရွက်ပေးရမည့်ကဏ္ဍများ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်အလုပ်သမားများရှားပါးလာမှု၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေး၊ လုပ်ငန်းခွင်သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာသော ထိခိုက်လွယ်အုပ်စုများအတွက် သင့်လျော်သောအလုပ်အကိုင်များ ရရှိနိုင်ရေးအတွက် သင်တန်းများပေးခြင်းအပြင် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့် ပတ်သက်၍ အစိုးရနှင့်သက်ဆိုင်ရာလုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို ယနေ့ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)