သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ




သနပ်ပင် ၊ စက်တင်ဘာ ၁၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် ၈ နာရီကစတင်၍ ပြည်သူ့အားကစားကွင်းနှင့် မိုးလုံ‌လေလုံ အားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ သည်။


လူရွေးပွဲတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူများက ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား/မ)နှင့် စားပွဲတင်တင်းနစ်(ကျား/မ)နှင့် ပြေးခုန်ပစ်(ကျား/မ)အားကစားနည်းများကို ယှဉ်ပြိုင်လျက်ရှိရာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဒု-မြို့နယ်ပညာရေးမှူး ဦး‌နေအောင်နှင့်တာဝန်ရှိသူများ၊ အ.ထ.က ကျောင်းအုပ်ကြီးများက ပြိုင်ပွဲကို စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ မြို့နယ်အဆင့်ကျောင်းပေါင်းစုံပြိုင်ပွဲများတွင် သက်ဆိုင်ရာအားကစားနည်းအလိုက်ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် ခရိုင်အဆင့်တွင် ထပ်မံရွေးချယ်ခံပြီး တိုင်းနှင့်ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)