စလင်းမြို့နယ် ရမှတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု(၃၀)ရာခိုင်နှုန်း ပြီးစီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ် ရမှတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု(၃၀)ရာခိုင်နှုန်း ပြီးစီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး




စလင်း  ၊စက်တင်ဘာ ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရမှတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် (၁)ထပ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ် ရမှတ်ကျေးရွာ မူလတန်းကျောင်း ၅၀×၂၇ ပေ သွပ်မိုး၊ အုတ်ညှပ်ကာ (၁)ထပ်ကျောင်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လအ တွင်းမှ စတင်ဆောင်ရွက်ခဲ့ရာ အမျိုးအစားမှာ အလျား ၈၀ ပေ၊ အနံ ၃၀ ပေ၊ RCC(၁)ထပ်ကျောင်းဆောင်ဖြစ်ပြီး တိုင်းဒေသကြီး ရန်ပုံငွေ(၂၀၄)သိန်းကျပ်၊ အကုန်အကျခံကာ( မြို့စလင်းထွန်းကုမ္ပဏီမှ) တင်ဒါအောင်မြင်ပြီး တာဝန်ယူဆောက်လုပ်ခဲ့သည်။

ယနေ့ စက်တင်ဘာလ (၈) ရက်နေ့အထိ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်၊ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ရမှတ်ကျေးရွာအုပ်စုရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကို ကောင်းမွန်စွာပညာသင်ကြားနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကျေးရွာပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီ အကျိုးတော်ဆောင်များ ဝိုင်းဝန်းပူး ပေါင်းထိန်းသိမ်းကြမှသာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ ဟောပြောဆွေးနွေးခဲ့ကာ မြို့နယ်ပညာရေးမှူး ဦသိန်းဌေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၃၀ ရာခိုင်နှုန်းပြီးစီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)