ဟင်္သာတမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်



ဟင်္သာတ၊ စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၂၀၂၅ -၂၀၂၆ ခုနှစ် မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဥ်ဖြင့် အကျုံးမဝင်သော တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ေရှးဦးစွာ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် သီးနှံပေါ် ပေးစနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများ အသုံးပြုပြီး မိုးစပါး ပန်းတိုင်အထွက်နှုန်း တိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှူး ဦးစောဝင်းရွှေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းတို့က ဟင်္သာတမြို့နယ်အရောက် စျေးနှုန်းသက်သာစွာ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေနှင့် ယူရီးယားဓာတ်မြေသြဇာ တစ်မျိုးတည်းသုံးစွဲပါက နိုက်ထရိုဂျင်လေလွင့်ဆုံးရူံးမူ ပမာဏများပြားနိုင်သဖြင့် မဖြစ်မနေ သဘာဝမြေသြဇာသုံးဆနှင့် ရောစပ်အသုံးပြုရန်၊ ကွန်ပေါင်းမြေသြဇာအား မြေခံအဖြစ်အဖြစ် ထည့်သွင်းအသုံးပြုပါက ပိုမိုအကျိုးဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု( ၃၄)အုပ်စုမှ တောင်သူများအတွက် ဖြိုးမောက်ယူရီးယားဓာတ်မြေဩဇာ(၁၅၁၈)အိတ်၊ ဩဘာယူရီးယားမြေဩဇာ (၂၁၅၅)အိတ် ၊ ဩဘာကွန်ပေါင်းဓာတ်​မြေသြဇာ(၁၄၂၂)အိတ်၊ စုစုပေါင်း (၅၀၉၅) အိတ် တို့ကို ပေးအပ်ခဲ့ကြသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)