မွန်ပြည်နယ်၊ ပေါင်မြို့ နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် သမဝါယမစာရင်းရေး စာရင်းကိုင် သက် မွေးပညာသင်တန်းကျောင်း( မော်လမြိုင် )သို့ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ ပေါင်မြို့ နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် သမဝါယမစာရင်းရေး စာရင်းကိုင် သက် မွေးပညာသင်တန်းကျောင်း( မော်လမြိုင် )သို့ ကွင်းဆင်းကြည့်ရှု




ပေါင်၊ စက်တင်ဘာလ ၂၆

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဖြူဘကျေးရွာ ၊ ရွှေထူးလေး လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက် ဧက(၂၉၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ဂျပန်ရွှေဝါထွန်းမျိုးစပါး စိုက်ပျိုး ထားရှိမှုကို ယမန်နေ့က သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်း မောင်နှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့် မိုးစပါးများရိတ်သိမ်းပြီးပါက လာမည့်နွေရာသီတွင် နွေစပါးများ စိုက်ပျိုးချိန်အမီ စိုက်ပျိုး နိုင်ရေးနှင့် အထွက်တိုးမျိုးများ ရွေးချယ် ရွေးချယ် စိုက်ပျို စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်ပြီး သမဝါယမစာရင်းရေးစာရင်းကိုင် သက် မွေးပညာသင်တန်းကျောင်း(မော်လ မြိုင်)သို့သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ ဆုံ၍ ကျောင်းသား/သူများ၏ နေထိုင်စားသောက်ရေး၊ ပညာသင်ကြားမှု အခြေအနေများ နှင့်စပ်လျဉ်း၍ အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသာ/သူများမှ ပညာကို ထူးချွန်အောင် ကြိုးစားသင်ယူပြီး သမဝါယမတက္ကသိုလ်၊ ကောလိပ်များသို့ များသို့ ပေါင်းကူးတက်ရောက် နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၊ ၊ လက်ရှိတွင် သမဝါယမစာရင်းရေးစာရင်းကိုင် သက် မွေးပညာ သင်တန်းကျောင်း ( မော်လမြိုင် )၌ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား/သူ စုစုပေါင်း( ၃၂ )ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)