ပြည်ကြီးမဏ္ဍိုင်မြို့၌ ထောပတ်ခရမ်းသီးများအား စီးပွားဖြစ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့၌ ထောပတ်ခရမ်းသီးများအား စီးပွားဖြစ်စိုက်ပျိုး




ပြည်ကြီးမဏ္ဍိုင်    ၊ စက်တင်ဘာ ၂၆


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ထောပတ်ခရမ်းသီးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ဒေသခံများသည် အိမ်ရှိ မြေကွက်လပ်များတွင်လည်းကောင်း၊  ဥယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊  ပဲသီး၊ခရမ်း၊  ဥမုန်လာ၊ ဆလပ်၊  ပန်းဂေါ်ဖီနှင့်   အခြားဟင်းသီးဟင်းရွက် မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ထောပတ်ခရမ်းပင်များအား မျိုးစေ့များကိုကျဲပြီးမှ အပင်ပေါက်များအား ကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန် အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင်စတင်ခူးဆွတ်နိုင်ပြီဖြစ်ရာ (၅) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။


ထောပတ်ခရမ်းသီး တစ်ဆယ်သားလျင် (၁၀၀၀) ကျပ်အထိ ရရှိပြီး ထွက်ရှိသည့် အသီးများကို လေညာ အရှေ့ရပ်ကွက် ရှိဈေးဆိုင်များတွင်ဖောက်သည် သွင်းကြောင်းသိရသည်။


ထောပတ်ခရမ်းသီးသည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်၍ ပုံမှန်စားပါက အရေပြားကျန်းမာစေခြင်း သွေးတိုးသက်သာစေခြင်း၊ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ အစာခြေစနစ်ကောင်းခြင်း၊ အသဲကျန်းမာခြင်း၊ ဝိတ်ကျခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာခြင်း၊ စိတ်ဖိစီးမှု လျှော့ချစေခြင်းများရရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)