ရုရှား က အီးယူနဲ့ နေတိုးကို တိုက်ဖို့ အစီအစဉ်မရှိ ပါဘူးလို့ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား က အီးယူနဲ့ နေတိုးကို တိုက်ဖို့ အစီအစဉ်မရှိ ပါဘူးလို့ ပြော


စက်တင်ဘာ - ၂၉ ( တနင်္လာနေ့ ) 

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလပ်ရော့ဗ် က ရုရှားနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ ( အီးယူ ) နဲ့ ရုရှား ရဲ့ အိမ်နီးချင်း မြောက်အတ္တလန်တစ် စာချုပ်အဖွဲ့ ( နေတိုး) ဝင် နိုင်ငံတွေကို စစ်တိုက်ဖို့အတွက် ရည်ရွယ်ချက်လည်း မရှိ၊ အစီအစဉ်လည်း မရှိပါဘူးလို့ ပြောသွားပါတယ်။ 

အနောက်ဥရောပနိုင်ငံတွေက လာမယ့် နှစ်မှာ ရုရှား က နေတိုး အဖွဲ့ဝင်နိုင်ငံအချို့ကို တိုက်ခိုက်ဖွယ်ရာရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး “ရုရှားမှာ အဲဒီလို ရည်ရွယ်ချက်တွေ မရှိဘူး။ အဲ့ဒိထင်မြင်ယူဆချက်တွေက အဓိပ္ပာယ် မရှိပါဘူး” လို့ ပြောသွားပါတယ်။ 

တရားဝင်ထုတ်ပြန်ချက်အရ မော်စကိုက ဥရောပတွင် "တရားဝင်စည်းနှောင်ထားသော လုံခြုံရေးအာမခံချက်" ကို လုပ်ဆောင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ အနောက်နိုင်ငံများက အဆိုပါကိစ္စများကို လျစ်လျူရှုခဲ့ပါတယ်လို့ သိရပါတယ်။ 

အချို့သော အီးယူ နှင့် နေတိုး အရာရှိများက “တတိယကမ္ဘာစစ်ကို ဖြစ်နိုင်ချေရှိသော အခြေအနေတစ်ခုအဖြစ် အလေးအနက်ထား ပြောဆိုနေကြတယ်” ဆိုတဲ့ အချက်အပေါ်ကိုလည်း လပ်ရော့ဗ်က စိုးရိမ်ကြာင်း ပြောခဲ့ပါတယ်။ အခြားနိုင်ငံများရဲ့ တရားဝင်အကျိုးစီးပွားများနဲ့ ပတ်သက်တဲ့အရေးကို လျစ်လျူရှုကာ ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးမှာ အနောက်အင်အားကြီးများက ၎င်းတို့ရဲ့ တစ်ဖက်သတ်ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ 

ရုရှားစစ်တပ်အနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ ကာမီကာဇီဒရုန်းများ သို့မဟုတ် ဒုံးကျည်များကို မည်သည့်အခါမျှ ရည်ရွယ်ချက်ရှိရှိ ပစ်လွှတ်ခြင်းမရှိကြောင်းကိုလည်း ပြောသွားပါတယ်။ 


 REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)