အောင်မြေသာစံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး


အောင်မြေသာစံ၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းဆေးအဖွဲ့သည် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်းနှင့်သူနာပြုများက အဘိုး၊ အဘွား (၃၅) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)