သန်လျင်မြို့ အ.ထ.က(၂)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်နှင့် လူရည်ချွန်တို့အား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့ အ.ထ.က(၂)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်နှင့် လူရည်ချွန်တို့အား ဂုဏ်ပြုချီးမြှင့်

 



ရန်ကုန်  ၊ စက်တင်ဘာ ၅


သန်လျင်ခရိုင် သန်လျင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်နှင့် လူရွယ်ချွန်တို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။


အစီအစဉ်အရ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။


ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများနှင့် လူရွယ်ချွန်ဆုရရှိသူ Grade – 9 မှ မောင်မြင့်မြတ်မောင်တို့အား ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များက ဂုဏ်ပြုဆုများပေးအပ်ချီမြှင့်ခဲ့ကြောင်းသိရသည်။


ဖြိုးသီဟ(သန်လျင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)