စက်တင်ဘာ - ၅(သောကြာနေ့)
ဗြိတိန်လက်ထောက်ဝန်ကြီးချုပ် အန်ဂျီလာရေနာ တစ်ယောက် အိမ်ဝယ်ယူမှုအပေါ် အခွန်လျှော့ပေးမိလို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလိုက်ရပါတယ်။ "ဒီကိစ္စရပ်ကို အပြည့်အဝဖြေရှင်းပြီး အများပြည်သူ ဝန်ဆောင်မှု တောင်းဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပေးဆောင်ဖို့ ကတိကဝတ်ပြုထားပါတယ်" လို့ ရေနာက ဆိုပါတယ်။
"အဲဒါကြောင့်မို့လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝန်ကြီး စံနှုန်းများဆိုင်ရာ အမှီအခိုကင်းတဲ့ အကြံပေးပုဂ္ဂိုလ်ကို ရည်ညွှန်းပြီး သူလိုအပ်သမျှ အချက်အလက်တွေကို ကျွန်မက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြည့်ဆည်းပေးသွားမှာပါ"
ဝန်ကြီးအဆင့်စံနှုန်းများဆိုင်ရာ အမှီအခိုကင်းသော အကြံပေးဆိုတာက အစိုးရဝန်ကြီးများ၏ အပြုအမူနှင့် ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်အား အကြံပေးရန် ရည်ရွယ်ထားသော ဘက်မလိုက်သော ရာထူးဖြစ်ပါတယ်။
မေလတွင် သူဝယ်ယူခဲ့တဲ့ ကန်ဒေါ်လာ ၁.၀၈ သန်းတန်ဖိုးရှိ တံဆိပ်ခေါင်းခွန်ကို ဒေါ်လာ ၅သောင်းကျော်နဲ့ တန်ဖိုးဖြတ်လိုက်တာက နားလည်မှုလွဲမှားတာပါလို့ ရေနာက ရှင်းခဲ့ပါတယ်။ သူမက ၂၀၂၃ တုန်းက ရီးစားဟောင်းနဲ့ ကွာရှင်းပြီးနောက် ကလေးတွေကို ထိန်းသိမ်းနိုင်ဖို့ သူမတို့ ၂ ဦးပိုင် အိမ်ကို တစ်ဦးတည်းပိုင်ဆိုင်နိုင်အောင်လို့ ဝယ်ယူတဲ့ နေရာမှာ အိမ်ဝယ်ခွင့် အခွန်အပေါ် တန်ဖိုးလျှော့ပေးမိလိုက်တာပဲ ဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment