မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းပွဲ ကျင်းပ




မန္တလေး ၊  စက်တင်ဘာ ၅


မန္တလေးတိုင်း‌ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ထိုသို့တွေ့ဆုံရာတွင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ လွှတ်တော်မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ MEVM စက်များ ကိုင်တွယ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ နည်းပညာအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်း၍ လေ့ကျင့်သင်ကြားပေးရေးကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မဲရုံများလျာထားဆောင်ရွက်၍ MEVM စက်များ သယ်ယူရွှေ့ပြောင်းမည့် အသေးစိတ်စီမံချက်ရေးဆွဲဆောင်ရွက်ရန် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများက ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ကော်မရှင်အဖွဲ့ဝင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း ခရိုင်ကော်မရှင်ရုံးမှ သိရသည်။


ဇင်မင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)