ပြင်သစ်မှာ ဝန်ကြီးချုပ်လဲပစ်ရတဲ့ အဆင့်ဖြစ်သွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်မှာ ဝန်ကြီးချုပ်လဲပစ်ရတဲ့ အဆင့်ဖြစ်သွားပြီ



စက်တင်ဘာ - ၁၁ (ကြာသပတေးနေ့)

တနင်္လာနေ့က မာခရွန်အစိုးရဲ့ ဝန်ကြီးချုပ် ဖရန်ဆွာဘေရူးက နှုတ်ထွက်စာတင်လိုက်တဲ့ အတွက်ကြောင့် သမ္မတ မာခရွန်က သူ့နေရာကို အစားထိုးဖို့အတွက် ကာကွယ်ရေးဝန်ကြီး ဆဘတ်ရှန်လီကော်နူ (၃၉ နှစ်) ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ ဘေရူးက ဝန်ကြီးချုပ်ရာထူးကို ၉လကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

မာခရွန်က လီကော်နူကို ပြင်သစ်ပါလီမန်အတွင်း နိုင်ငံရေးအုပ်စုခွဲများမှ ကိုယ်စားလှယ်များ နဲ့ တွေ့ဆုံခိုင်းပြီး "နိုင်ငံတော်အတွက် ဘတ်ဂျက်ချမှတ်ခြင်းနှင့် လာမည့်လများအတွင်း ဆုံးဖြတ်ချက်များအတွက် မရှိမဖြစ်လိုအပ်သော သဘောတူညီချက်များကို တည်ဆောက်ခြင်း" ကို အစီရင်ခံစာ တင်ခိုင်းလိုက်ပါတယ်။  အဲ့ဒိအစည်းအဝေးများအပြီးတွင် လီကော်နူကို  အစိုးရအဖွဲ့အသစ်ကို အဆိုပြုရန် တာဝန်ပေးလိုက်ပါတယ်။ 

"ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေးနှင့် ကျွန်ုပ်တို့ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ခြင်း၊ ပြင်သစ်ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းနှင့် တိုင်းပြည်စည်းလုံးညီညွတ်မှုအတွက် နိုင်ငံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ တည်ငြိမ်မှုတို့ကို လမ်းညွှန်သွားဖို့ပဲ ဖြစ်ပါတယ်" လို့ သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ သမ္မတက အဲ့ဒိအခြေခံအချက်တွေပေါ်မှာ နိုင်ငံရေး အင်အားစုတွေကြား သဘောတူညီချက်တွေ ရနိုင်တယ်ဆိုတာကို ယုံကြည့်ပြီးတော့ တယောက်နဲ့ တယောက် သဘောထားတွေကို လေးစားမှုပေးရပါတယ်။ 

ပြင်သစ်နိုင်ငံ၏ မြင့်တက်လာနေသော ကြွေးမြီများကို ဖြေရှင်းရန်အတွက် ဥပဒေပြုရေးဆိုင်ရာ ပံ့ပိုးကူညီမှု မရရှိခဲ့တာကြောင့် ဘေရူးက ရာထူးမှ နုတ်ထွက်ပေးလိုက်ရတာပါ။ ပြင်သစ်က အီးယူနိုင်ငံတွေထဲမှာ အကြွေးအထူဆုံးနိုင်ငံဖြစ်ပြီး အကြွေးပမာဏက ကန်ဒေါ်လာ သန်းပေါင်း ၂ သိန်း နီးပါး ရှိပါတယ်။


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)