လွိုင်လင်မြို့တွင် ငွေကျပ် ၃,၂၈၇.၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့တွင် ငွေကျပ် ၃,၂၈၇.၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ ၂၀၃၀ အချိန် သက်သေများနှင့်အတူ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်လင် - တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ဇင်ဟိန်း မောင်းနှင်ပြီး မအဲနာ လိုက်ပါလာသည့် HONDA CRV အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၄၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၇၃၉ သိန်း)၊ ကက်တမင်း အလေးချိန် ၆.၄၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၈.၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဇင်ဟိန်း(၃၉)နှစ် နှင့်  မအဲနာ(၂၇)နှစ်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)