နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ တက်ရောက်



နေပြည်တော်၊ စက်တင်ဘာ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒေသဆိုင်ရာ MSME Agency ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေသဆိုင်ရာ MSME Agency အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဒေသဆိုင်ရာ MSME Agency ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့ဖွင့်လှစ်သည့် ဒီဂျစ်တယ်အသိပညာပေးခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းသည် MSME လုပ်ငန်းကော်မတီ (၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်ဆိုင်ရာ အသိပညာတတ်မြောက်မှုသည် MSME လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါသော စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး ယနေ့ခေတ်၏ ဆန်းသစ်ဖန်တီးမှု အားကောင်းပြီး ပြိုင်ဆိုင်မှုများသည့် စီးပွားရေးနယ်ပယ်၌ ရေရှည်ရှင်သန်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည်တစ်ခုဖြစ်ပါကြောင်း၊ ယခုပညာရပ်သည် မိမိတို့၏လုပ်ငန်းများ ထိထိရောက်ရောက် လည်ပတ်နိုင်ရန်၊ ငွေနှင့်အချိန်ကို သက်သာစေရန်နှင့် Online မှတဆင့် ဝယ်ယူသုံးစွဲသူအသစ်များထံ ရောက်ရှိပြီး စီးပွားရေးလုပ်ငန်းများကို အောင်မြင်စေရန်အတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်မည်ဖြစ်သည့်အတွက် အသိပညာများ တိုးတက်လာပြီး အလုပ်လုပ်နိုင်စွမ်းကို ပိုမိုမြင့်တက်လာခြင်း၊ ဌာန၏ e-Commerce Website ကို အသုံးပြုလာနိုင်ခြင်း၊ Online မှ မိမိတို့၏လုပ်ငန်းများ မှတ်ပုံတင်နိုင်ခြင်းတို့ကို ဆောင်ရွက်လာနိုင်မည်ဖြစ်သောကြောင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများသည် ဒေသတွင်းသာမက နိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများအထိ ထိုးဖောက်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ကျွမ်းကျင်သူပြင်ပနည်းပြမှ ဒစ်ဂျစ်တယ်နည်းပညာ သိမြင်နားလည်တတ်မြောက်ခြင်းနှင့် မိမိလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology) ၊ Digital Tools များအကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) နှင့် နည်းပညာပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ MSME လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဌာနမှ Micro လုပ်ငန်းများအတွက် Online Registration ဆိုင်ရာနည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်သူရဦး(ဒက္ခိဏ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)