ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကရင်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကရင်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး



ဘားအံ၊ စက်တင်ဘာ ၁၀

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စက်တင်ဘာ ၈ ရက် နေ့လယ် (၁) နာရီတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ရွေး‌ကောက်ပွဲလုပ်ငန်းစဉ်ပါ အချိန်စာရင်းများအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံအစည်းအဝေး ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် သိရှိလိုသည့်အချက်များ၊ ကူညီဆောင်ရွက်ပေးရမည့် အချက်များရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပြီး နိုင်ငံရေးပါတီများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ဘားအံခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ စိစစ်လက်ခံသွားရန်နှင့် ပါရှိရမည့် စာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)