ကာတာကို အစ္စရေးက လေကြောင်းကနေ တိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာတာကို အစ္စရေးက လေကြောင်းကနေ တိုက်ပြီ


စက်တင်ဘာ - ၁၀ ( ဗုဒ္ဓဟူးနေ့ ) 

ကာတာနိုင်ငံ ဒိုဟာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ဒေသတစ်ခုလုံးအတွက် အဓိကကျတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာပြီလို့ ကာတာဝန်ကြီးချုပ် ရှိတ် အယ်သာနီက က ပြောကြားလိုက်ပြီး အဲ့ဒိတိုက်ခိုက်မှုကို “နိုင်ငံအဆင့် အကြမ်းဖက်ဝါဒ” လို့ ရှုတ်ချလိုက်ပါတယ်။ 

အင်္ဂါနေ့အစောပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က လုံခြုံရေးဝန်ဆောင်မှု ရှင်ဘတ်  (ISA) နှင့် ပူးပေါင်းကာ ဟားမတ်စ်တွေအသုံးပြုနေတဲ့ ကာတာမြို့တော်ရှိ ခြံဝင်းတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့ကတော့ သူတို့ရဲ့ ခေါင်းဆောင်များ တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ကာတာဝန်ကြီးချုပ်ကတော့ အဲ့လို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို လျစ်လျူမရှုဘဲ ပြန်လည်တုံ့ပြန်မယ်လို့  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အစ္စရေးရဲ့ လုပ်ရပ်က“နိုင်ငံအဆင့် အကြမ်းဖက်ဝါဒ” ဖြစ်တယ်လို့ ဆိုသွားပါတယ်။ 

“ဒီနေ့မှာတော့ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူကို ဆန့်ကျင်တဲ့အနေနဲ့ အာရပ်ဒေသတခုလုံးက တုံ့ပြန်တဲ့ အလှည့်အပြောင်းတခုဆီကို ရောက်နေပါပြီ” လို့ ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကတော့ ကာတာဝန်ကြီးချုပ်ရဲ့ စကားနဲ့ ပတ်သက်ပြီး  “ယစ်မူးဖွယ်ကောင်းတဲ့ မှိုင်းတိုက်ခြင်း” လို့ ချေပခဲ့ပြီး ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များအတွက် ဒေသတွင်းတည်ငြိမ်မှုကို နှောင့်ယှက်နေတယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။ ကာတာက ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ပြင်းထန်သော ရန်စမှုများကို ဖြေရှင်းရန် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ကြောင်း အယ်လ်-သာနီက ပြောကြားခဲ့ပါတယ်။ 

သံတမန်ရေးဆိုင်ရာကိစ္စတွေက ယခုအခါ အလွန်ကျဉ်းမြောင်းလာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နောက်ဆုံးအဆိုပြုချက်အတွက် ရည်ရွယ်ထားသော စေ့စပ်ညှိနှိုင်းမှုအကျော့ကို အခုလို တိုက်ခိုက်လိုက်ခြင်းက လမ်းချော်သွားဖွယ်ရှိကြောင်း ဝန်ကြီးချုပ်က ဝန်ခံခဲ့ပါတယ်။ “လက်ရှိ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီလို တိုက်ခိုက်မှုမျိုး ကျနော်တို့ တွေ့ခဲ့ရပြီးပြီ။ အခု သူတို့ပြောပြောနေတဲ့ အပစ်ရပ်ရေးဆိုတာ  မှန်ကန်မှု မရှိနိုင်တော့ဘူးလို့ ကျနော် ထင်ပါတယ်” လို့ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)