စက်တင်ဘာ - ၁၀ (ဗုဒ္ဓဟူးနေ့)
ဂါဇာတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုလုပ်နေတာကြောင့် အစ္စရေးနိုင်ငံသို့ လက်နက်များတင်ပို့ပေးနေတဲ့ သင်္ဘောများနှင့် လေယာဉ်များကို စပိန်နိုင်ငံနယ်နမိတ်ထဲကနေ ဖြတ်သန်းဝင်ရောက်ခွင့်မပြုနိုင်ဘူး လို့ ၈-၉-၂၀၂၅ ရက်နေ့က တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အဲ့ဒိထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလကတည်းက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားတဲ့ စပိန်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးရဲ့ လုပ်ရပ်များကို ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ပါတယ်။ စပိန်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ က ကောင်စစ်ဝန်ကိုလည်း ပြန်ခေါ်ထားပြီးပါပြီ။
အစ္စရေးသို့ လက်နက်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာသုံး လေယာဉ်ဆီများ သင်္ဘောများနှင့် လေယာဉ်များကို တားမြစ်ပိတ်ပင်မှုအပြင် စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ် က ဂါဇာမှာဖြစ်နေတဲ့ “လူမျိုးတုံးသတ်ဖြတ်မှု” တွင် တိုက်ရိုက်ပါဝင်ခဲ့သူ မည်သူမဆို စပိန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုဘူးလို့လည်း ကြေညာခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးတွေရဲ့ လုပ်ရပ်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်စေတယ်လို့ဆိုတဲ့ စွပ်စွဲချက်ကို အစ္စရေးက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
REF: reuters
https://t.me/MyanmarNationalPost

No comments:
Post a Comment