ရမည်းသင်း၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာနှစ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေအား အသက် ၈၅ နှစ်အထက် အဘိုးအဘွားများကို တစ်လ ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ်ပေးအပ်ရာ ပထမသုံးလပတ်အတွက် ဘိုးဘွား ၁၃၃၀ နှင့် ဒုတိယသုံးလပတ်အတွက် ဘိုးဘွား ၁၃၄၄ဦး စုစုပေါင်း ၂၆၇၄ ဦးတို့ကို ဧပြီလမှ စက်တင်ဘာလအထိ နှစ်ကြိမ်စာအတွက်တစ်ဦးလျှင် ကျပ် ၆၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ရှစ်ရာနှစ်သိန်းနှစ်သောင်းကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment