အမျိုးသမီးများအား တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအား တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်


နေပြည်တော်၊ စက်တင်ဘာ ၂

အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်နေ မ-----၊ ၁၉/ ၂၀၂၅ နှစ်ကို တစ်ရွာတည်းနေ မနိုင်(ခ)လေးလေးနိုင်က တရုတ်နိုင်ငံရှိ ဆံပင်တုနှင့် လက်သည်းတု စက်ရုံတို့တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင်ငွေကျပ် ၁၃ သိန်းခန့်ရမည်၊ ပို့ဆောင်ခအနေဖြင့် ငွေကျပ် သိန်း ၄၀ ပေးရမည်၊ လုပ်အားခရရှိမှသာ ပေးချေနိုင်သည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့နေ မိုးသူဇာ(ခ)မချိုထံပို့ဆောင်ပေးခဲ့သည်။

ယင်းနောက် မချိုက စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည် မဟုတ်ဘဲ တရုတ်ယောကျ်ားယူရမည်၊ မယူပါကလမ်းစရိတ်များ ပြန်လျော်ရမည်ဟုပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခရမ်းမြို့မရဲစခန်း (ပ) ၅/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီးဩဂုတ် ၂၉ ရက်တွင် သန်လျင်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မနိုင်(ခ)လေးလေးနိုင် ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မိုးသူဇာ(ခ)မချို ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နေ မ-----၊ ၂၄/ ၂၀၂၅ နှစ်နှင့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နေ မ-----၊ ၂၄/ ၂၀၂၅ နှစ်တို့ကို ရှမ်းပြည်နယ် မူဆယ်မြို့နေအေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu accမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ ရမည်၊ အလုပ်လုပ်ကိုင်လိုပါက ၎င်း၏ အမြွှာညီမဖြစ်သူ အေးအိမွန်မှ တရုတ်သူဌေးများနှင့် တွေ့ဆုံပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၀/ ၂၀၂၅ နှင့် အမှတ်(၅)မြို့မရဲစခန်း(ပ)၃၀/၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံအေးမြတ်မွန်နှင့် အေးအိမွန်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။

အလားတူ ရှမ်းပြည်နယ် လားရှိုးမြို့နေ မ-----၊ ၃၉/ ၂၀၂၅ နှစ်ကို ရှမ်းပြည်နယ် မူဆယ်မြို့နေ အေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu acc မှ တစ်ဆင့် တရုတ်အငှားမိန်းမအလုပ်လုပ်ပါက တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါ က ယွမ် ၁၅၀၀၀ ရမည်၊ လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ လာရောက်ရန် စည်းရုံးပြောဆိုပြီး မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပွဲစား ဒေါ်သန်းအေး (ခ)ပီရင်းနှင့်အတူ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်‌ အောင်မြေသာစံ မြို့နယ် အမှတ်(၅) မြို့မရဲစခန်း(ပ) ၂၉/ ၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ အေးမြတ်မွန်နှင့် ဒေါ်သန်းအေး(ခ)ပီရင်းတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)