ရွှေတောင် မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင် မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းဖွင့်လှစ်



ရွှေတောင်၊ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း  မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကိုယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊ ဆန်တစ်ဆုပ်ဘုရားဓမ္မာရုံ၌ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဲစုခိုင်စိုးက အီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အီလက်ထရောနစ် မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှ မဲရလဒ်များထုတ်ယူ ရေတွက်ပုံအဆင့်ဆင့်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ ကြီးကြပ်မှု ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြာနီကန်ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများ  စုစုပေါင်း အင်အား( ၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး  အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်း အဆင့်ဆင့်တို့ကို လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်းရာ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)